Friday, July 8, 2011

ဝက်နားရွက်ပြာ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး တိကျသေချာသည့် သတင်းထုတ်သင့်

July 7, 2011
ရွှေအောင်

ဝက်နားရွက်ပြာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက တိကျရှင်းလင်း သေချာတဲ့ သတင်း ထုတ်သင့်တယ်လို ၀က်နား ရွက်ပြာ ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်ထားတဲ့ သုတေသီပညာရှင် ဒေါက်တာ အောင်မြင့်က ပြောပါတယ်။

ဝက်နားရွက်ပြာကာကွယ်ဆေး မသုံးကြဖို့ စာထုတ်ထားတယ်၊ ကာကွယ်ဆေးသုံးလို့ ၀က်တွေသေဆုံးတာကြောင့် တားမြစ်ရ တာဖြစ်တယ်လို့ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနက ဒေါက်တာအောင်ကြီးက ဇွန်လ ၂၃ ရက်နေ့ထုတ် ဆဲဗင်းဒေးဂျာနယ် မေးမြန်းခန်းမှာ ပြော ကြားထားပါတယ်။


ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာလည်း ၀က်နားရွက်ပြာရောဂါ ကာကွယ်ဆေးကြောင့် ၀က်တွေပိုသေ ဆုံးတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဒါကြောင့် ၀က်နားရွက်ပြာကာကွယ်ဆေးနဲ့ပတ်သက်ပြီး အများပြည်သူကို ရှင်းလင်းတိကျတဲ့သတင်း ထုတ်ပြန်ပေး သင့်တယ်လို့ သုတေသီက ပြောလိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ နိုင်ငံခြားက တရားမ၀င် ၀င်ရောက်လာတဲ့ ကာကွယ်ဆေးတွေ မသုံးသင့်တဲ့အကြောင်း အသိပေးသင့် တယ်လို့ လည်း ပြောပါတယ်။

ဒေါက်တာအောင်မြင့်ဟာ ပြည်တွင်းမှာဖြစ်နေတဲ့ ၀က်နား ရွက်ပြာ ရောဂါကို လေ့လာပြီး ၀က်နားရွက်ပြာ ကာကွယ် ဆေးစမ်းသပ် ထုတ်လုပ်ထားသူ သုတေသီ ပညာရှင်တဦး ဖြစ်ပါတယ်။

သူစမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို သက်ဆိုင်ရာ မွေးမြူကုသရေး ဦးစီးဌာနထံ တင်ပြထားတာ တလကျော် ကြာခဲ့ ပေမယ့် သက်ဆိုင်ရာက အခုထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

ဝက်နားရွက်ပြာရောဂါ သိပ်ပြီးမပျံ့နှံ့ခင် အရေးပေါ် အထူးကိစ္စတရပ်အနေနဲ့ ကာကွယ်ဆေးထုတ်ခွင့်ပေးရင် ရောဂါကို ထိန်းချုပ် နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဆေးထုတ်ခွင့် တင်ပြခဲ့တာ ဖြစ်တယ်လို့လည်း ဒေါက်တာအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် စမ်းသပ်သုံးဖူးတဲ့ သူတွေက ဆေးဆက်သုံးဖို့ ရှိနေတာကြောင့် ဆေးထုတ်ခွင့် ရချင်ကြောင်းလည်း ခုလိုပြောပြပါတယ်။

“အဖြေမထွက်လာသေးတော့ ရောဂါကတော့ ဆက်ပြီးပျံ့နှံ့နေတာ ကျနော်လည်း စိတ်ထဲမှာ မကောင်းဘူးခင်ဗျ။ နောက်တခါ စောစောပိုင်း စမ်းထိုးခဲ့တဲ့ လူတွေကလည်း နောက်တကြော့များ သူတို့ဆီကို ပြန်ဝင်လာမလား။ သူ့တိရစ္တာန်တွေ စောစော တုန်းကတော့ ရောဂါမဖြစ်ဘဲနဲ့ ကျန်နေခဲ့တယ်ပေါ့နော်။ အဲဒီကောင်တွေကို ဆေးများ ထပ်ထိုးဖို့ လိုမလားဆိုပြီး လိုချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ကျနော်ကတော့ စမ်းသပ်ကာလ ပြီးဆုံးသွားတော့ ဆေးကို ဘယ်သူ့ကိုမှ ထပ်မပေးဘဲနဲ့ ထိန်းထားတယ် ပေါ့လေ။ ဆက်လည်း မထုတ်ဘူးပေါ့နော်။ စမ်းတဲ့ အရေအတွက် လောက် ထုတ်ပြီးတော့ အခု ရပ်ထားတယ်။ အဲဒီတော့ လိုချင် သူတွေ ရအောင် မြန်မြန် လေးတော့ ထုတ်ခွင့် ရချင်တယ်ပေါ့ဗျာ။”

ဝက်နားရွက်ပြာရောဂါဟာ ပြည်နယ်တိုင်း ခုနှစ်ခုမှာ ဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ လောလော ဆယ်မှာ ဧရာဝတီိတိုင်း၊ ရန်ကုန်တိုင်းနဲ့ သန်လျင်ဒေသဘက်တွေမှာ ဆက်လက်ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့