Thursday, July 7, 2011

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ အကြား တိုက်ရိုက် လေကြာင်းလိုင်း ပြန်လည် စတင်မည်

7/7/2011
တာကလူး

၎ နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ အကြား တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းမူကို များမကြာမှီ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ အကြား တိုက်ရိုက်ပြေးဆွဲခဲ့သည့် ဘင်္ဂလားဒေခ်ျ့ လေကြောင်းလိုင်း ဘီမန်က စီပွားရေးအရ အရှုံး ပေါ် သည်ဟုဆိုကာ ၂၀၀၆ ခုအကုန်ပိုင်းတွင် ပျံသန်းမူကို ရပ်နားခဲ့သည်။

ထိုနောက်ပိုင်း မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ထိုင်းနိုင်ငံ ဘန်ကောက် လေဆိပ်ကို ကြားခံထားကာ ခရီးသွားလာမူကို ဆောင်ရွက်ခဲ့ရသည်။

ထိုင်းနိုင်ငံကို ကြားခံထားနေရသဖြင့် အချိန် ပိုကုန်ပြီး အခက်အခဲ နှင့် အကုန်အကျ များနေရသည့် အတွက်ကြောင့် ယခုကဲ့သို့ တိုက်ရိုက် လေကြောင်းလမ်း ပြန်ဖွင့်ရန် နှစ်နိုင်ငံအကြား ပြင်ဆင် လာရခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဒေသခံ သတင်းဌာနများသို့ ပြောသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ ဆေးဝါးထုတ်ကုန်များကို တတိအများဆုံး တင်ပို့ရာ နိုင်ငံတစ်ု ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးမြှင့်ရန် ဘင်္ဂလားဒေခ်ျ့ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ၄င်း၏ အစိုးရကို တိုက်တိုက်ရိုက် လေကြောင်းလမ်း ပြန်လည် ဆက်သွယ်နိုင်ရေး အတွက် တောင်းခံရာမှ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား လေကြောင်းလိုင်း ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၄င်းအရာရှိက ပြောသည်။

လေကြောင်းပျံသန်းရေး စပ်လျဉ်း၍ ဘင်္ဂလာဒေ့ရှ် အရာရှိများမှာ များမကြာမှီက မြန်မာနိုင်ငံသို့ လည်ပတ်ခဲ့စဉ် အတွင်း ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၄၃ ခုနှင့် လေကြောင်း ဆက်သွယ်ရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုး ထားပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်နှင့် တိုက်ရိုက် ဆက်သွယ် ပျံသန်းနေသည့် နိုင်ငံတကာ လေကြောင်း လိုင်း ၁၄ ခုရှိပြီး၊ ၄င်းတို့ အထဲတွင် တရုတ်လေကြောင်း (Air China) ၊ တရုတ်တောင်ပိုင်းလေကြောင်း(China Southern Airline) ၊ (Indian Airlines) ၊ (Thai Airways International) ၊ (Thai Air Asia) ၊ (Bangkok Airways) ၊ (Phuket Airline) ၊ (Malaysian Airlines) ၊ (Vietnam Airlines) ၊ (Silk Air) ၊ (Qatar Airways) နှင့်(Jetstar Asia) တို့ပါဝင်ကြောင်း သိရှိရသည်။

Ref: Narinjara

0 comments:

အပေါ်သို့