Friday, July 8, 2011

ဂူဂယ်လ် ကို ပြိုင်ဖို့၊ ဖေ့စ်ဘွတ်တွင် Skype ဗွီဒီယိုကို ထပ်ထည့်

08 July 2011

ဖေ့စ်ဘွတ်သည် Skpye နှင့် ပါတနာဖွဲ့ပြီး ၄င်း၏ လူမှု့ကွန်ယက်ဆိုဒ်ထဲသို့ ဗွီဒီယို chat ကို ထပ်ပေါင်း ထည့်ကြောင်း ကြေငြာ လိုက်သည်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂူဂယ်လ်က ဗွီဒီယိုဖြင့် ပြောဆိုဆက်သွယ်မှု

အစီအစဉ်များ၊ ဂျာနယ်လစ်ဇင် ပညာများ ထပ်မံပြုလုပ်ပြီး Google+ ဆိုဒ် အသစ်ကို ကြေငြာလိုက်ခြင်းကြောင့်၊ ဖေ့စ်ဘွတ်က ယခုလို Skype နှင့် ပူးပေါင်း အပြိုင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။


ဖေ့စ်ဘွတ်နှင့် Skype ပူးပေါင်းခြင်းမှာ ယခု ပထမအကြိမ်မဟုတ်ဘဲ၊ နည်းပညာများ အချင်းချင်း မျှဝေဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက မဟာမိတ်ဖွဲ့ထားခဲ့သည်။ သို့သော် ၄င်းဆိုဒ်နှစ်ခုစလုံးရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်သူမှာ Microsoft ကုမ္ပဏီ ဖြစ်သည်။

ဖေ့စ်ဘွတ်ဆိုဒ်ကို သုံးစွဲသူဦးရေမှာ သန်း ၇၅၀ ကျော် ရှိလာပြီး၊ ယခု ဗွီဒီယိုဖြင့် ပြောဆိုနိုင်မှု အစီအစဉ်ကိုပါ ထပ်ပေါင်း ထည့် ကြောင်း တည်ထောင်သူ မခ် ဇာခါဘဂ် ကိုယ်တိုင် ကြေငြာခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် အခြားဝဘ်ဆိုဒ် လင့်ခ် များ များပြားစွာကို ဖြန့်ဝေပေးနိုင်မှုကြောင့် လူအများ ဖေ့စ်ဘွတ်နှင့် ငြိနေရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

ယခု ဖေ့စ်ဘွတ် ဗွီဒီယို chat မှတဆင့် အသုံးပြုသူနှစ်ဦး face-to-face ဆက်သွယ် ပြောဆိုနိုင်တော့မည် ဖြစ်သည်။ ထို့ပြင် Google+ စနစ် ( plus.google.com.) က ဗွီဒီယိုဖြင့် လူအများအုပ်စုဖွဲ့ ဆွေးနွေးနိုင်မှုအထိ ပြုလုပ်နိုင်မည် ဖြစ်သည်။

လာမည့်နှစ်များတွင် Google နှင့် facebook ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာပြီး၊ Microsoft က ၄င်းနှစ်ခု၏ ရှယ်ယာအများစုကို ဆက်ကိုင်ထားမည် ဖြစ်သည်။

Ref: Maukkha

0 comments:

အပေါ်သို့