Wednesday, July 6, 2011

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နိမိတ်ကောင်းဟု အမေရိကန်ပြော

ရန်ပိုင်
06 July 2011

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီး ပြည်သူများနှင့် တွေ့ဆုံနိုင်ခြင်းသည် သတင်းကောင်း ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောဆို လိုက်သည်။


“အကျယ်ချုပ် မဟုတ်တော့တာ၊ နိုင်ငံတဝန်းက သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံနိုင်တာတွေဟာ သတင်းကောင်းပါပဲ။ မြန်မာနိုင်ငံ အတွက် ရှေ့ပြေး နိမိတ်ကောင်းဖြစ်တယ်လို့ ကျမတို့ မျှော်လင့်ပါ တယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုရီးယား နုလန်း က ယမန်နေ့ က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပုဂံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစု ကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ယနေ့ခရီးစဉ် အဖြစ် ယနေ့နံနက် ၉ နာရီက ပုပ္ပားတောင်သို့ သွားရောက်ရာ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိ ကြောင်း အတူ လိုက်ပါသွားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လူငယ်တဦးက ပြောသည်။

“အခု ဒေါ်အောင်ဆန်းစုကြည်တို့ ဗျတ္တ ပန်းဆက်လမ်းခွဲက စပျစ်ခြံတခြံမှာရောက်နေပါတယ်” ဟု ယနေ့နံနက်တွင် ၎င်းကဆိုသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ပုဂံမြို့ရှိ အာနန္ဒာ၊ သဗ္ဗေညု၊ မနူဟာ၊ မြစေတီကျောက်စာ စသည့် ရှေးဟောင်းအမွေအနှစ် စေတီများကို သွားရောက်ခဲ့သည်။

ဇွန်လ ၄ ရက်နေ့မှစတင်ကာ ဒ်ါအောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း မိသားစုခရီးစဉ်ထွက်ခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် ရန်ကုန်ပြင်ပခရီးစဉ်ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့