Thursday, March 29, 2012

နိုင်ငံခြားငွေလဲလှယ်နှုန်း ”နှုန်းရှင်” ဖြစ်တော့မည်

2012-03-28

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ (၁) ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေး အရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲ လှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။

ဆိုရှယ်လစ်ခေတ်ကတည်းက အခုချိန်အထိ မြန်မာနိုင်ငံမှာ အမေရိကန် (၁) ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆) ကျပ် ကျော် နဲ့ လဲလှယ် ခဲ့ပြီး၊ ပြင်ပမှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁) ဒေါ်လာကို ကျပ် (၈၀၀) ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာ ပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ် ထားကြပါတယ်။


အရင်က ငွေလဲနှုန်းဟာ သဘာဝမကျကြောင်း၊ အခုလို အမေရိကန် (၁) ဒေါ်လာကို ကျပ် (၈၀၀) ဝန်းကျင် သတ်မှတ် လဲလှယ်မယ် ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အလားအလာကောင်းတွေ ရှိလာနိုင်ကြောင်း၊ အခုအချိန်မှာ အပြင်က လာရောက်ရင်း နှီးမြုပ်နှံသူတွေအတွက် ယူလာတဲ့ငွေကြေးရဲ့ တန်ရာတန်ကြေးရမှာ ဖြစ်ကြောင်း စီးပွါးရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော် သန်းက RFA ကို ပြောပါတယ်။

အခုလို ငွေလဲလှယ်နှုန်းထားကို တသမတ်ထဲ လုပ်လိုက်မယ်ဆိုရင် ပြည်တွင်းဈေးကွက်နဲ့ ကုန်ဈေးနှုန်း အတက်အကျ ကိစ္စမှာ တိုက်ရိုက် ရိုက်ခတ်မှုနည်းမှာ ဖြစ်ပေမဲ့၊ နိုင်ငံခြားနဲ့ ဆက်သွယ် ဆောင်ရွက်ကြမယ့် အစိုးရပိုင်းအရာရှိတွေ အတွက်တော့ အရင်လို အကျိုးအမြတ် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်း က ထောက်ပြ ပြောဆိုပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့