Thursday, March 29, 2012

အမျိုး​သား​ လူ့အခွင့်​အ​ရေး​ ​ကော်မရှင် ဆက်ရှိမည်

March 28, 2012
မင်းလွင်

မြန်မာနိုင်ငံသူနိုင်ငံသား ​တွေရဲ့​ လူ့​အခွင့်​အ​ရေး​မြှင့်​တင်​ရေး​နဲ့​ ကာကွယ်​ရေး​အတွက် ​ရေရှည် ​ဆောင်ရွက်သွား​မယ်လို့​ မြန်မာနိုင်ငံ အမျိုး​သား​လူ့အခွင့်​အ​ရေး​ ​ကော်မရှင်က ​ပြောကြား​လိုက်ပါတယ်။

ဒီ​နေ့​ ရန်ကုန်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​ဝင်း​မြ၊​ ဒု-ဥက္ကဋ္ဌ ဦး​ကျော်တင့်​ဆွေနဲ့​ အတွင်း​ရေး​မှူး​ ဦး​စစ်မြိုင်တို့​ တက်​ရောက်ပြီး​ ရှင်း​လင်း​ ​ပြောကြား​တာပါ။

လူ့​အခွင့်​အ​ ရေး​ ချိုး​ဖောက်ခံထား​ရတာ​တွေကို ​ကော်မရှင်ထံ လာ​ရောက် တိုင်တန်း​မှသာ ​ဆောင်ရွက်နိုင်မှာဖြစ်ပြီး​ ​ကော်မရှင်ဟာ ပြဿနာ​တွေကို ​ဖြေရှင်ဆုံး​ဖြတ်တဲ့​ အဖွဲ့​အစည်း​မဟုတ်ဘဲ ညှိနှိုင်း​ဆောင်ရွက်တဲ့​အဖွဲ့​ ဖြစ်တယ်လို့​လည်း​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောကြား​ခဲ့​ပါတယ်။

အဲဒီသတင်း​ စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူတဲ့​ ရန်ကုန်အ​ခြေစိုက် YPI သတင်း​ဌာနမှ သတင်း​ထောက် ကို​ကျော်စိုး​လင်း​က “ခုလတ်တ​လော စသုံး​လုံး​နဲ့​ ဖြစ်​နေတဲ့​အမှု ကိစ္စလိုမျိုး​ဆိုရင် သူတို့​ကိုလာတိုင်မှရမယ်။ မတိုင်တဲ့​ကိစ္စ လုပ်မ​ပေး​နိုင်ဘူး​ပေါ့​။ အဲသလိုမျိုး​တော့​ ​ပြောတယ်။ တိုင်တာ​တောင်မှ သူတို့​မှာ အ​ရေး​ယူပိုင်ခွင့်​ မရှိဘူး​ပေါ့​။ ညှိနှိုင်း​ဆောင် ရွက်​ပေး​ရတဲ့​အဖွဲ့​၊​ အကြံ​ပေး​တဲ့​အဖွဲ့​ပေါ့​။ အဲဒါကို သမ္မတဆီတင်တယ်၊​ သမ္မတက​နေပြီး​တော့​ ဝန်ကြီး​ဌာ​ပေါ့​။ ဝန်ကြီး​က​နေ ပြန်​ဖြေရှင်း​ပေါ့​။ ​ဖြေရှင်း​ပေး​သည်ဖြစ်​စေ မ​ပေး​သည်ဖြစ်​စေ အ​ကြောင်း​ပြန်လာမယ်၊​ ကျန်တဲ့​ အကျိုး​ဆက်​တွေ သူတို့​နဲ့​ မဆိုင်တဲ့​ပုံစံမျိုး​ ​ပြောသွား​တယ်။”

၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်​နေ့​မှာ ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​ဝေး​က​နေ မြန်မာနိုင်ငံ အမျိုး​သား​လူ့အခွင့်​ရေး​ကော်မရှင် ဖွဲ့​စည်း​တာဟာ အ​ခြေခံဥပ​ဒေ၊​ တည်ဆဲဥပ​ဒေများ​နဲ့​ ညီညွှတ်ခြင်း​ မရှိ​ကြောင်း​ သ​ဘောထား​ မှတ်ချက် တင်ပြလာတဲ့​အတွက် ပြည်​ထောင်စု လွှတ်​တော်နယက အ​နေနဲ့​ မြန်မာနိုင်ငံ အမျိုး​သား​လူအခွင့်​အ​ရေး​ ​ကော်မရှင်ကို ဗဟိုအဖွဲ့​ အစည်း​တွင် ထည့်​ထား​ခြင်း​နဲ့​ ရသုံး​မှန်း​ခြေ ​ငွေစာရင်း​တွင် အသုံး​စရိတ်ထည့်​ထား​တာကို ပယ်ဖျက်တယ်လို့​ ဆုံး​ဖြတ်ထား​ပါတယ်။

မြန်မာနိုင်ငံအမျိုး ​သား​ လူ့အခွင့်​အ​ရေး​ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာဖြစ်ပြီး​ နိုင်ငံ​တော် သမ္မတရုံး​စရိတ်နဲ့​ သုံး​စွဲ​နေတယ်လို့​ သိရပြီး​ ဘယ်​လောက် သုံး​စွဲတယ်ဆိုတာ​တော့​ ​ပြောဆိုခဲ့​ခြင်း​မရှိပါ။ ၂၀၁၁ ခုနှစ်မှာ ​ကော်မရှင်ကို တိုင်တန်တဲ့​အမှု​ပေါင်း​ ၁၀၃၇ မှုနဲ့​ ၂၀၁၂ ခုနှစ်မှာ ၉၈၃ မှု ရှိ​နေတယ်လို့​ သိရပါတယ်။

အမျိုး​သား​ လူအခွင့်​အ​ရေး​ ​ကော်မရှင်အ​နေနဲ့​ ဥပ​ဒေမူကြမ်း​ ​ရေး​ဆွဲ​နေပြီး​တော့​ မကြာခင်မှာ ပြည်​ထောင်စုလွှတ်​တောကို တင်သွင်း​မယ်လို့​ ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့