Friday, March 30, 2012

မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀၊နှင့် ၃၁ ရက်တို့တွင် ကြိုတင်မဲပေးနိုင်ပြီ

မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် ကြိုတင်မဲပေးနိုင်မည်ဖြစ်ကြောင်းမရမ်းကုန်းမြို့နယ် ကော်မရှင် အတွင်း ရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။ ဥပဒေနှင့် ကိုက်ညီသော ကြိုတင်မဲပေးခွင့်ရှိသူတိုင်း ကြိုတင်မဲ ပေးနိုင်မည်ဖြစ်ပြီး၊ မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိမိမိတို့နှင့် သက်ဆိုင်သော ရပ်ကွက်ကော်မရှင်ရုံးတို့တွင် လာရောက်မဲပေးနိုင်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။

“ကြိုတင်မဲပေးခွင့်ရှိသူ ဥပဒေနဲ့ ကိုက်ညီတဲ့သူတိုင်းကြိုတင်မဲပေးလို့ရပါတယ် သက်ဆိုင်ရာပါတီက ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်လာကြည့်လို့ရတယ် ပြီးတော့ သူတို့ကိုယ်တိုင်ချိတ်ပိတ်လို့ရတယ် ပြီးရင် လူတွေမြင်သာ ထင် သာရှိတဲ့နေရာမှာထားမှာပါ”ဟု မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးကပြောသည်။ အဆိုပါ ကြိုတင် မဲပေးရမည့်နေ့တွင်ဆေးရုံတက်နေသောလူများနှင့် သက်ကြီးရွယ်အို လမ်းမလျှောက်နိုင်သောသူများက ရပ်ကွက်ရုံးသို့ လာ ရောက်အကြောင်းကြားပါက ရပ်ကွက်ကော်မရှင်က ကိုယ်စားလှယ်နှစ်ယောက်ကို သွားရောက်ကြိုတင်မဲ ယူနိုင်ရန်စီစဉ်ထားကြောင်း သိရှိရသည်။

“အန်ကယ်တို့က ကြိုတင်မဲတွေကို လူတွေထင်သာမြင်သာရှိတဲ့နေရာမှာ ရေမှာပါ လူတွေမမြင်နိုင်တဲ့ အခန်းကျဉ်းလေးထဲမှာ ရေမှာမ ဟုတ်ပါဘူး ကိုယ်စားလှယ်တွေက ချိတ်ပိတ်ပြီးတာနဲ့ နောက်နေ့မနက်ကျရင် ကိုယ်ချိတ်ပိတ်ထားတာ ဟုတ်မဟုတ်စစ်ဆေးလို့ရပါတယ်” ဟု မရမ်းကုန်းမြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ကလဲ ကြိုတင်မဲကို သွားရောက်စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဖြူဖြူငြိမ်းက ပြောသည်။

“အန်ကယ်က သိတောင်မသိဘူး အဲဒါက ဒီလိုပါသမီးရယ် စိုးရိမ်တဲ့ပါတီတွေသွားကြည့်ပါလိမ့်မယ် အန်ကယ်တို့ကတော့ ဘာမှပြသာ နာမရှိဘူးဆိုတော့ အန်ကယ်တို့က ကြည့်ဖြစ်မယ်တောင်မထင်ဘူး”ဟု မရမ်းကုန်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်က ပြောသည်။

Ref: သစ်ထူးလွင်

0 comments:

အပေါ်သို့