Wednesday, October 10, 2012

သန်းပေါင်း(၁)ထောင်ကျော် မပေးလျှင် တရားစွဲခံရမည့် အေးရှားဝေါလ်ကုမ္ပဏီ

ငြိမ်းချမ်း(မြစ်မခ)
9 Oct, 2012

အေးရှားဝေါကုမ္ပ္ပဏီမှ ကျန်ငွေသန်း(၁)ထောင်ကျော်ကို(၃)လအတွင်း မပေးပါက တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထ ရိုက် တာ(၁၀)ဦးက တရားစွဲဆိုမည်ဖြစ်သည်။

တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးမှာ အေးရှားဝေါလ်အား(၃)လအတွင်းပေးရန်ရှိသည့် ငွေအကုန် မပေးဆောင် ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း(၈၈)မျိုးဆက် ကျောင်းသား ကိုယ်စားလှယ်များနှင့် မီဒီယာများအားတွေ့ ဆုံခဲ့သည့် အောက်တို ဘာလ(၉)ရက်နေ့ စီးတီးစတားဟိုတယ်သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သုံးလစောင့်မယ်၊ သုံးလအတွင်းမှ မပေးရင် တရားဥပဒေအရ တရားစွဲသွားမှာပါ”ဟုတိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက် တာ ဦးအောင်မျိုးရှိန်က ပြောသည်။

အေးရှားဝေါကုမ္ပ္ပဏီသည် အသေးစားလုပ်ငန်းရှင်များအား နေပြည်တော်၊ ပုဗ္ဗသီရိ၊ တောင်ညို၊ကင်းသာ၊ မုံရွာနှင့်အခြား မြို့နယ်များတွင် အခြေခံလိုအပ်ချက်အဆောက်အအုံဖြစ်သည့်စာသင် ကျောင်းများ၊ဆေးရုံဆေးခန်း များနှင့်ဝန်ကြီးအိမ်ရာများအား သတ်မှတ်စံချိန်စံ ညွှန်းများနှင့် အညီ ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အေးရှားဝေါလ် ကုမ္ပ္ပဏီအား အပ်နှံခဲ့ကြောင်းသိရှိရသည်။

အေးရှားဝေါကုမ္ပ္ပဏီ၏စာချုပ်ပါသဘောတူညီချက်မှာ လုပ်ငန်းအပ်နှံပြီး(၁)လခွဲအကြာတွင်အပြီးအပြတ် ပေးချေရန် ဖြစ်သော်လည်း ယခုတိုင် အကျေအလည် မရရှိသဖြင့် စောင့်ဆိုင်းကာလမှာ (၁)နှစ်နှင့်(၇)လအထိ ကြာမြင့်ခဲ ပြီဖြစ်ကြောင်း တိုင်းရင်းသား လုပ်ငန်း ရှင်ငယ် ကန်ထရိုက်များထံကသိရှိရသည်။

“စာချုပ်ချုပ်ထားတာက လုပ်ငန်းအပ်ပြီးလို့ တစ်လခွဲကြာရင် ပိုက်ဆံအပြတ်ချေရမယ်လို့ချုပ်ထားတာ၊ အခုက တစ် နှစ်နှင့် ခုနှစ် လတောင် ကြာနေပြီ၊ ကျွန်တော်တို့လုပ်ငန်းတွေလည်း ရပ်ထားရတယ်”ဟု တိုင်းရင်းသားလုပ်ငန်းရှင် ငယ် ကန်ထရိုက်တာ တစ်ဦး ဖြစ်သည့် ဦးဝေဖြိုးက ပြောသည်။

အေးရှာဝေါကုမ္ပ္ပဏီသည် တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးအား တစ်နှစ်ထပ်မံစောင့်ခိုင်း ထားကြောင်း ကိုလည်း သိရှိရသည်။

“ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေ ၀င်လာတဲ့ အချိန်မှာ ဒီလိုဖြစ်တာ မ ကောင်း ပါဘူး။ ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အများကြီးပြင်ဆင်ထားရမယ်။ အဓိကကတော့ စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေရော အသေးတွေရော စီးပွားရေးအကြံပေးရှေ့နေ ငှားရမယ်၊ စာချုပ်ချုပ်တဲ့အချိန်မှာ အရမ်းအ ရေးကြီးတယ်။ အကိုတို့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းရှင်လေးတွေကို ၀ါးမြိုတာကို ခွင့်မလွှတ် ပါဘူး’’ဟု(၈၈) မျိုးဆက်ကျောင်းသား ကိုဂျင်မီကပြောသည်။

အေးရှားဝေါလ်ကုမ္ပဏီသည်၂၀၁၁ခုနှစ်ဧပြီလတွင် ပေးချေရမည်ဆိုသော်လည်း(၄၀)ရာခိုင်နှုန်းသာ ပေးချေပြီး ၂၀၁၂ ခုနှစ် သြဂုတ် လတွင်(၆၀)ရာခိုင်နှုန်းသာ ပေးချေထား ကြောင်းကိုလည်း တိုင်းရင်းသားလုပ်ငန်းရှင် ငယ်ကန်ထရိုက် တာများက ဆိုသည်။

တိုင်းရင်းသား လုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးသည်အထက်ပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြားစာ အပေါ် နေပြည်တော်ကောင်စီမှ ဖြေရှင်းရန် ညွှန်ကြား ခဲ့ကြောင်း ထိုညွှန်ကြား ချက်ဆောင်ရွက်ရာတွင် ကန်ထရိုက်တာများကို ခေါ်ယူဆွေးနွေး ခြင်းမရှိပဲ အေးရှားဝေါလ် ကုမ္ပဏီမှကိုယ်စားလှယ်များနှင့်သာ ဆွေးနွေး မေးမြန်းခဲ့သည်ဟု တိုင်းရင်းသား လုပ်ငန်း ရှင် ငယ်ကန်ထရိုက်တာ(၁၀)ဦးထံက သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့