Wednesday, October 10, 2012

သမ္မတကို ထောက်ခံ၊ OIC ရုံးအား ကန့်ကွက်ခဲ့သည့် စစ်တွေ ဆန္ဒထုတ်ဖော်ပွဲ

ထွန်းနေအောင်(မြစ်မခ)
9 Oct, 2012

အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂း၀၀)နာရီဝန်းကျင်က OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို မကျေနပ်၍ ရခိုင် ပြည်နယ် စစ်တွေမှ ရဟန်းရှင်လူပြည်သူများ ပူးပေါင်းကာ ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာတော်(၃၀၀၀)ထောင်ကျော်၊ ပြည်သူပရိသတ် သောင်းဂဏန်းပါဝင်ခဲ့ပြီး စစ်တွေမြို့ရှိ အောင်မြေဘောလုံးကွင်းမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

“အောင်မြေဘောလုံးကွင်းကနေ စထွက်ပြီးတော့ ကောင်စစ်ဝန်ရုံးရှေ့ကို သွားတယ်။ အဲဒီကနေပြီးတော့ တစ်မြို့လုံးကို ပါတ်တယ် ပေါ့ဗျာ။ နောက်ဆုံးကျရင် ဘုန်းကြီးကျောင်းတွေ အများစုရှိတဲ့ ဘုရားကြီးနားမှာ အဆုံးသတ်မှာပါ။”ဟု RNDP ပါတီမှ ဦးဦး လှ
စော ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် သမ္မတကိုထောက်ခံကြောင်းနှင့် OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို ရဟန်များနှင့် ပြည်သူများ မှ ကျေနပ်မှုမရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း စစ်တွေမြို့တွင် ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီ (RNDP)မှ ဦးဦးလှစောထံမှ သိရှိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုမိန့်ရရှိထားခြင်းမရှိကြောင်းနှင့် ဆန္ဒထုတ်ဖော်သူများအား လက်နက်အပြည့်အစုံဖြင့် အနီး ပတ်ဝန်းကျင်၌ ရဲလုံခြုံရေးများ၊ စစ်တပ်များမှ ၀န်းရံထားလျက်ရှိသော်လည်း တာဆီးမှုတစ်စုံတရာ ပြုလုပ်ခဲ့ခြင်း မရှိ ကြောင်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့