Thursday, October 11, 2012

တရားဝင်ခွင့်ပြုချက်ဖြင့် အမျိုးသမီးများစစ်တွေ၌ ငြိမ်းချမ်းစွာစီတန်းလှည့်လည်

မိုးဝေ ရခိုင်ပြည်နယ်-(မြစ်မခ)
10 Oct, 2012

ရခိုင်၌ အမျိုးသမီးသုံးရာဝန်းကျင်ပါဝင်သည့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်အား အောက်တိုဘာ (၁၀)ရက် နေ့၌ စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ရခိုင်လူမျိုးတို့၏ဘဝလုံခြုံမှုစသည့် ရွယ်ရည်ချက်များဖြင့် ရခိုင် အမျိုးသမီးများက စက်တင် ဘာလ(၃၀)ရက် စစ်တွေမြို့ နေ့လည်ပိုင်းတွင်ပြုလုပ်ရန် စီစဉ်ထားရာမှ ယနေ့ အောက်တိုဘာ (၁၀)ရက်နေ့တွင် သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ရခိုင်အမျိုးသမီးများ ဆန္ဒထုတ် ဖော်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသမီးများဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာလ(၁၀)ရက်နေ့ နေ့လည်ပိုင်းတွင် ဧစေတီမှ စတင်ခဲ့ပြီး ဦးဥတ္တမလမ်းအ တိုင်း ချီတက်ခဲ့ရာ ဦးဥတ္တမရုပ်ထုအား ဂါရဝပြုကြပြီး လမ်းမကြီးအတိုင်း ချီတက်ဆန္ဒထုတ် ဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲ၌ လူထု ပရိတ်သတ်များလည်း အဆိုပါအမျိုးသမီးများနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရခိုင်အမျိုးသမီးတို့ ဆန္ဒထုတ်ဖော်ရာတွင် တောင်းဆိုချက်များမှာ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လေးစား လိုက်နာရန်၊ တရားမ၀င် ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာ့ပြည်တွင်းရေးကို OIC ၀င်မစွက်နှင့်၊ မြန်မာပြည်မှာ ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ၊ မြေမျို၍လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်၊ မြန်မာ့ အမျိုးသမီးများဘ၀ လှပ လုံခြုံမှုရှိပါစေ၊ မြန်မာတမျိုးသားလုံး စည်းလုံးညီညွှတ်ကြဟု အချက်(၈)ချက်ပါ ရှိသည်။

ယမန့်နေ့ကလည်း စစ်တွေမှ သံဃာတော်များက ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြ သေး သည်။

ရသေ့တောင်တွင် စက်တင်ဘာလ ၂၅/၂၆ရက်နေ့ကပြုလုပ်ခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးကလည်း မကြာ မီတွင် ရခိုင်ပြည်နယ်၌ ဖွင့်လှစ်မည့် OIC ရုံးအားလက်မခံ နိုင်ကြောင်းလည်း ကန့်ကွက်ခဲ့ကြသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့