Wednesday, October 10, 2012

ဖားကန့် လုံးခင်းတိုက်ပွဲ ကေအိုင်အေနှင့် မဆိုင်ကြောင်း ငြင်းဆို

ဝင့်သင်ဇာကျော် (မြစ်မခ)
10 Oct, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ၉ ရက်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဖြစ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု အနီးပွားခဲ့သော တိုက်ပွဲ မှာမြန်မာတပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်ကြခြင်းမဟုတ်ဟု ကေအိုင်အေဘက်က ပြောကြားသည်။

“ကေအိုင်အေအဖွဲ့နဲ့ဖြစ်တာတော့ လုံးဝမဟုတ်ဘူး၊ ကျွန်တော်တို့ရွာကြားမှာ ပြည်သူလူထုရှိ တဲ့အိမ်ကြိုအိမ် ကြားလမ်းကြို လမ်းကြား မှာအများဖြတ်သန်းဖြတ်လာလုပ်တဲ့လမ်းမကြီးမှာဘယ်တော့မှမလုပ်ဘူး၊”ဟု ဖားကန့်ဒေသ တွင် လှုပ်ရှားသည့် ကေအိုင်အေတပ်ရင်း(၆) ဗိုလ်ကြီးလဒွဲက ပြောသည်။

လုံးခင်းကျေးရွာတွင် အထိုင်ကျသော မြန်မာစစ်တပ်နှင့်ကာမိုင်းမြို့ မှဝင်ရောက်လာသော မြန်မာစစ်တပ်တို့သည် လယ် ပြင် ကျေးရွာ အနီးဖားကန့်လမ်း ပဇောက်ကွေ့တွင် အချင်းချင်းမှားယွင်းစွာ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု ၄င်းကဆို သည်။

“လုံးခင်းမှာအထိုင်ကျတဲ့တပ်ရင်း ၈၉ နဲ့ ကားမိုင်းကတပ်လာတာကတ.က.စ(၃)ရယ် န.မ.စလက်အောက်က တပ်ရင်း တွေက အ၀င်အချင်းချင်း မှားပြီးပစ်ကြတာပေါ့”ဟု ဗိုလ်ကြီးလဒွဲက ဆက်လက်ပြောသည်။

ပစ်ခတ်မှုအတွင်းသေဆုံးမှု ရှိသည်ဟုမကြားသိရသော်လည်းလုံးခင်းမြို့ အထက်တန်းကျောင်းအနီးနှင့် နေအိမ်နားသို့ လက်နက်ကြီး အချို့ ကျရောက်ရှိခဲ့ကာဒေသခံ(၃)ဦးဒဏ်ရာရရှိသည့်အတွက်ဖားကန့်ဆေးရုံသို့ပို့ထားရသည်ဟု လုံးခင်းဒေသခံတစ်ဦး၏ ပြောပြ ချက် အရသိရှိရသည်။

“လုံးခင်းဘက်က လူသေတာတော့ မရှိပါဘူးဒါပေမဲ့ လက်နက်ကြီးကအထက်တန်းကျောင်းနဲ့ နေအိမ်နားတွေကို ကျ တယ်။ အိမ်ခေါင်းမိုးတွေ ပေါက်တာပြဲတာတွေ ဖြစ်ကုန်တယ်။ဒါပေမဲ့ ဒေသခံ(၃)ဦးလောက်တော့ ဒဏ်ရာရသွား တယ် အခုဖားကန့် ဆေးရုံမှာတင်ထားရတယ်”ဟု လုံးခင်းဒေသခံ ဦးအောင်ထွန်းဦးကပြောသည်။

အောက်တိုဘာ၉ရက်နေ့ နံနက်ပိုင်းတွင် ကားမိုင်းမှ လုံးခင်းမြို့ သို့ဝင်ရောက်လာသော မြန်မာစစ်တပ်အင်အားမှာ (၁၀၀)ကျော် ရှိပြီးအချင်းချင်းပစ်ခတ်မှုမှာ (၁)နာရီခွဲခန့် ကြာမြင့်ခဲ့သည်ဟု ကေအိုင်လ်အေ တပ်ရင်း(၆)မှဗိုလ်ကြီး လဒွဲက ဆက်လက်ပြော ပြခဲ့သည်။

ယင်းအချက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

Ref: မြစ်မခ

0 comments:

အပေါ်သို့