Wednesday, October 10, 2012

ပြည်တွင်းရွှေဈေုးမြင့်တက်လာနိုင်ဟု ရွှေလုပ်ငန်းရှင်များအသင်းက သုံးသပ်

သန့်ဇင်ဝင်း (မြစ်မခ)
10 Oct, 2012

မြန်မာငွေဈေး မြင့်တက်နေပြီး နိုင်ငံခြားငွေလဲလှယ်ဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းရွှေဈေးကွက်၌ ရွှေဈေးနူန်း များဆက် လက် မြင့်တက်လာဖွယ်ရှိကြောင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံက သိရှိရသည်။

"စစ်ရေးတင်းမာမှုနဲ့ ဘဏ်ကိစ္စတွေကြောင့် ရွှေဈေးက ခန့်မှန်းရခက်တယ်။ မြန်မာငွေဈေးကလည်းမာ၊ ဒေါ်လာဈေး ကလည်း ကျနေတယ်။ နောက်ထပ်(၅)ရက်လောက်အထိကို ရွှေဈေးက ၇သိန်း(၈)သောင်း (၅)ထောင်နဲ့(၇)သိန်း (၉)သောင်းလောက် ကြားမှာ ရှိနိုင်တယ်၊ အရင်လတွေကထက် စာရင် ရွှေဈေးတက်လာတယ်"ဟု မြန်မာနိုင်ငံ ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။

လက်ရှိပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲလှယ်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၈၅၅ကျပ် ဈေးရှိပြီး ကမ္ဘာ့ ရွှေဈေး ကွက် ၌ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၇၇၇ ၀န်းကျင်ရှိကာ ပြည်တွင်း ရွှေဈေးကွက်၌ အခေါက် ရွှေတစ် ကျပ်သားလျှင် ကျပ် ၇ သိန်း ၈သောင်း ၆ထောင် ၀န်းကျင် ဈေးကွက်ပေါက်းဈေးရှိနေသည်။

နိုင်ငံခြားရွှေဈေးကွက်ထက် ပြည်တွင်းရွှေဈေးကွက်သည် တစ်ကျပ်သားလျှင် ကျပ်ငွေ ၁၀၀၀၀ ၀န်းကျင်ခန့် ဈေး ကျဆင်းလျှက် ရှိနေကြောင်းကိုလည်း သိရသည်။

"အရောင်းအ၀ယ်က တော်တော်ပါးတယ် ရောင်းအားတအားကျတယ် တနေ့တနေ့ ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင်၊ အခုဈေး က ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကထက်ကို တစ်သောင်းခွဲ နှစ်သောင်းလောက် တက်လာတယ်"ဟု ကမာရွတ် မြို့နယ် လှည်းတန်း မှ ကြယ်စင်ရတနာရွှေဆိုင်က ပြောသည်။

ပြည်တွင်းရွှေဈေးကွက်မြင့်တက်နေခြင်းကြောင့် ၀ယ်ယူစုဆောင်းသူများအနေဖြင့်လည်း ဈေးစောင့်ဆိုင်းမှုနှင့် အတူဈေး ကွက် စောင့်ကြည့်မူများရှိလာကြောင်း ရွှေဆိုင်လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

"ရွှေဈေးတက်တယ်လို့တော့ ကြားနေပါတယ်။ ကျွန်မက ကလေးအတွက် အမှတ်တရလေး လာဝယ်တာဆိုတော့ သိပ်သိသိသာ သာမဖြစ်ပါဘူး။ အတုံးလိုက်အခဲလိုက်ဝယ်စုတဲ့သူတွေအတွက် ဈေးအတက်အကျကိုစောင့် ကြည့်ဝယ်ယူကြမယ်လို့ ထင်တယ်" ဟု ရွှေဝယ်ယူခဲ့သူ အမျိုးသမီးတစ်ဦးက ၄င်းအမြင်ကို ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့