Wednesday, October 10, 2012

ကနေဒါနိုင်ငံတွင် လက်တွေ့(၆)လ ပါဝင်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းအတွက် ကမ်းလှမ်းမှုများရှိနေ

10 Oct, 2012

ကနေဒါနိုင်ငံတွင် လက်တွေ့(၆)လ လုပ်ကိုင်ရမည့် Master of Arts in Tourism Management အတွက် မြန်မာ နိုင်ငံ မှကျောင်းသားများအား စတင်ခေါ်ယူလျှက်ရှိကြောင်း သိရှိရသည်။

ခရီးသွားလုပ်ငန်းအား စိတ်ဝင်စားသည့် မြန်မာကျောင်းသားများအတွက် MA in Tourism Management ဘာသာရပ်ကို ကနေဒါရှိ Royal Roads Universityတွင် သင်ယူနိုင်ခြင်းဖြစ်ပြီး အဆိုပါ MA Tourism Management ဘာသာရပ် အတွက် စာသင်ချိန် တစ်နှစ်နှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရယူလို သူများအတွက် Internship အစီအစဉ် ၆(လ)ရွေး ချယ်နိုင် ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းဝင်ခွင့်နှင့် ဗီဇာလျှောက်ထားခြင်းအား အောက်တိုဘာ(၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပညာရေးပြပွဲ၌ စုံစမ်းမေးမြန်းနိုင်ကြောင်း ၀န်ဆောင်မှုပေးမည့် CROWN Education တာဝန်ရှိသူတစ်ဦးမှ ပြောသည်၊၊

“အခု မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေအဖို့ သွားရောက်လည်ပတ်စရာအကောင်းဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးအဖြစ် သတ် မှတ်ခြင်းခံထားရပါတယ်။ ဒါကြောင့် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လေဆိပ်၊ ဟိုတယ် လမ်းပန်းဆက်သွယ်ရေးတွေကို အဓိက ထား လုပ်ဆောင်နေပြီး ခရီးသွားကဏ္ဍဖွံဖြိုးလာဖို့အလားအလာများရှိလို့ Tourism နယ်ပယ်မှာ အသက်မွေးဝမ်းကြောင်း ပြုလို သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရရှိ လာမှာဖြစ်ပါတယ်။ နောက်ပြီး Tourism ဖွံ့ဖြိုးဖို့အတွက် ပညာ တတ်တွေ အများကြီးလိုပါတယ်၊၊ ကနေဒါသံရုံးက မြန်မာနိုင်ငံမှာ မကြာမီဖွင့်တော့မှာ ဆိုတော့ကျောင်း သွားတက်ရောက်မယ့် ကလေးတွေအတွက် ဗီဇာကိစ္စတွေ လျှောက်ထားရာမှာ ပိုအစဉ်ပြေလာတော့မှာပါ” ဟု CROWN Education မှ ပညာရေးအ တိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောသည်။

Royal Roads University အား ၁၉၉၅ တွင်တည်ထောင်ခဲ့ပြီး ဗစ်တိုရီးယားပြည်နယ်ဗြိတိသျ ကိုလံဘီယာတွင် တည်ရှိ ပြီး the National Survey of Student Engagement စစ်တမ်းအရ ကနေဒါ ပုဂ္ဂလိကကျောင်းများထဲတွင် အဆင့် (၁)အဆင့် ရှိ ကျောင်းတစ်ကျောင်းဖြစ်သည်၊၊

မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုရရှိထားသူများ လျှောက်ထားနိုင်ပြီး၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် အရင်ဦးစွာ Pre-Master ကို(၄)လကြာ သင်ယူရမည် ဖြစ်ပြီး Master of Arts in Tourism Management ကို ဆက်လက်သင်ယူရမည် ဖြစ် သည်၊၊

ခရီးသွားစီမံခန့်ခွဲမူ့ဘာသာရပ်တွင် Sustainable Tourism, International Hotel Management, Financial Strategy, Marketing, Ethics, Entrepreneurship, and Communications အစရှိ သည့်ဘာသာရပ်များအပြင် ကျောင်းသားကျောင်းသူများအနေဖြင့် Case Studies ပုံစံများဖြင့်သင်ယူ လေ့လာရမည် ဖြစ်ပါ သည်။

PreMaster ပရိုဂရမ်ဝင်ခွင့် အနေဖြင့် တက္ကသိုလ်တခုခုမှ မည်သည့်ဘွဲ့ရမဆို လျောက်ထားနိုင်ပြီး သက်ဆိုင်ရာခရီးသွား လုပ်ငန်းတွင် လုပ်ငန်းအတွေ့အကြုံ(၂)နှစ်(သို့မဟုတ်) Volunteer အတွေ့အကြုံကောင်းများရှိရန် လိုအပ်ကြောင်းကိုလည်း သိရသည်။

လျှောက်ထားသူများအနေဖြင့် အင်္ဂလိပ်စာ လိုအပ်ချက်မှာ PreMaster အတွက် IELTS 5.5နှင့် Master အတွက် IELTS 6.5ရှိရန် လိုအပ်ကြောင်းသိရသည်။

Pre-Master ပရိုဂရမ်Intake မှာ ဇန်န၀ါရီလဖြစ်ပြီး ကျောင်းလခ ကနေဒါဒေါ်လာ (၈၅၀၀)ကျသင့်မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို CROWN Education အမှတ်-၂၇၀၊ ပထမထပ်၊ အခန်း 1C ၊ ပြည်လမ်း၊ မြေနီကုန်း ကောင်းမြတ်မွန်ဆေးခန်း အပေါ်ထပ်နှင့် ဖုန်း - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ တို့ကို ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့