Tuesday, October 9, 2012

တရုတ်ကုမ္မဏီ ၂ ခုနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန်ကွန်ဂရက် သတိပေး

08.10.2012

တရုတ်နိုင်ငံက ဆက်သွယ်ရေးပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ဟွာဝေ (Huawei) နဲ့ ZTE ကုမ္ပဏီ ကြီးတွေ ဟာ၊ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက်၊ ဒီ ကုမ္ပဏီကြီးနှစ်ခုနဲ့ စီးပွားရေးမလုပ် ကြဖို့ အမေရိကန် ကွန်ဂရက်ရဲ့ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီ က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ သတိပေးထား ပါတယ်။

တရုတ်ရဲ့တယ်လီဖုန်းအစိတ်အပိုင်းတွေကိုထုတ်လုပ်တဲ့ အကြီးဆုံးသော ဒီကုမ္ပဏီ ကြီးနှစ်ခုက ပစ္စည်းတွေကို၊ အမေရိ ကန်အစိုးရ ရဲ့ကွန်ပျူတာစနစ်တွေမှာ အသုံးမပြုကြဖို့ ကိုလည်း၊ ထောက်လှမ်းရေးကော်မတီရဲ့ အစီရင်ခံစာထဲ မှာ တိုက်တွန်း ထားပါတယ်။ ဒီကုမ္ပဏီကြီးနှစ်ခုကို ထုတ်လုပ်တဲ့ တယ်လီဖုန်းအစိပ်အပိုင်းတွေထဲက တဆင့် အဆင့်မြင့် ဆက်သွယ်ရေးတွေကို ကြားဖြတ် ဖမ်းယူဖို့၊ ထောက် လှမ်းရေးသတင်းတွေကို စုစည်းဖို့နဲ့ နိုင်ငံရဲ့အရေးပေါ်ကာလတွေမှာ ဆက်သွယ်ရေးကွန်ယက်တွေ ကိုဖျက်ဆီး ပစ်ဖို့တွေကို လုပ်ကိုင်နိုင်ဖို့၊ တရုတ်အစိုးရက ခွင့်ပြုထား တယ်လို့၊ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဝင် အမေရိ ကန် အမတ်တွေ က ဆိုကြပါတယ်။

ဒီကိစ္စအတွက် တစ်နှစ်နီးပါး စုံစမ်းစစ်ဆေး မှုတွေ လုပ်ကိုင်နေတာ မှာ၊ အောက်လွှတ်တော်ထောက် လှမ်းရေးကော်မတီက ဒီ တရုတ် ကုမ္ပဏီကြီးနှစ်ခု ကို မေးမြန်းတဲ့မေးခွန်းတွေကို မဖြေကြားပဲ ရှောင်လွှဲ နေခဲ့တယ်လို့ လည်း၊ စွပ်စွဲထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီအစီရင်ခံစာကို ပယ်ချလိုက်ပြီးတော့၊ အမေရိကန်ကွန်ဂရက်လွှတ်တော် အနေနဲ့ အခုလို မသင့်မလျော်ကြိုတင် သတ်မှတ်ဆုံးဖြတ်ချက်တွေကို ဖယ်ရှားပြီး၊ အချက်အလက် အမှန်တွေကို လေးစားလိုက်နာသင့်တယ်လို့၊ တုန့်ပြန်ပြောဆို လိုက်ပါတယ်။

နိုင်ငံပေါင်း (၁၄၀)မှာ လုပ်ငန်းတွေလုပ်ကိုင်နေပြီး ဆက်သွယ်ရေးပစ္စည်းတွေ ထုတ်လုပ်ရာမှာ၊ ကမ္ဘာပေါ်မှာ ဒုတိ ယအကြီးဆုံး ဖြစ်တဲ့ ဟွာဝေ ကုမ္ပဏီကြီးကလည်း အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီးတော့၊ တရုတ်ရဲ့ အင်တာနက်ပေါ်က သူလျှို လုပ်ငန်းဆိုတာနဲ့ ပေါင်းစပ်လုပ်ကိုင်ဖို့ ဆို တာ၊ သူတို့အတွက် အလွန်အလှမ်းဝေးလှတယ်လို့ တုန့်ပြန်လိုက်ပါတယ်။


Ref: ဗွီအိုအေ

0 comments:

အပေါ်သို့