Thursday, October 11, 2012

ပြည်သူက လက်မခံ သော် OIC ရုံးဖွင့်မည်

October 10, 2012

OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံးခန်း ကို ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် ရုံးလုပ် ငန်းနှင့် ပြည်ပဆိုက်ရောက် မှုဆိုင်ရာ ရုံးခန်းများကို ရန်ကုန်မြို့ တွင်မကြာခင် ဖွင့်မည် ဟု FNG မှသတင်း ရရှိသည်။

OIC ရုံးခန်း ဖွင့်လှစ်ခြင်းကို ပြည်သူက သဘောမတူ သော်လည်း အစိုးရနှင့် သဘောတူညီချက်အရ ဖွင့်လှစ်မည် ဖြစ်ကြောင်း OIC မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက BBC သတင်း ဌာန ကို ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် OIC ရုံး ဖွင့်လှစ် ရန် ကန့်ကွက် ဆန္ဒပြမှုများ နေ့စဉ် ပြုလုပ် လာခဲ့ရာ ယနေ့ လူပေါင်း ထောင်ချီ ပါဝင်ပြီး၊ ဘင်္ဂလားဒေရှ် ကောင်စစ်ဝနရုံး ရှေ့တွင်လည်း ဆန္ဒပြ ခဲ့ကြသည်။

မြန်မာ အစိုးရ ၏ သဘောတူညီချက်အရ ဆော်ဒီအာရေးဗီးယား နိုင်ငံ ရီယာဒ်မြို့ အခြေစိုက် OIC ရုံးသည် မြန်မာနိုင်ငံ တွင်လာ ရောက် ဖွင့် လှစ် ခြင်း ဖြစ်သည်။

၎င်း အဖွဲ့သည် ဘင်္ဂါလီ မွတ်ဆလင်များ သာမက ဗုဒ္ဓဘာသာများ ကိုလည်းကူညီ မည်ဟုဆိုသည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့