Tuesday, October 9, 2012

ITUC က မြန်မာနိုင်ငံ၌ ရုံးခန်းလာဖွင့်မည်

ထွန်းနေအောင်(မြစ်မခ)
9 Oct, 2012

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ (ITUC)သည် အလုပ်သမားအခွင့်အရေးများ ပြည့်ဝစွာရရှိစေရန်နှင့် အခြားရပိုင်ခွင့်များ ရရှိစေရေး မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ကာ ငွေကြေးဆိုင်ရာ ကိစ္စများ ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။

“ဂုဏ်သရေရှိတဲ့ ဒီလုပ်ငန်းကြီးကို ကမ္ဘာမှာ ကျင်းပနေဆဲ ဖြစ်တယ်။ ဒီမှာအလုပ်သမားသမဂ္ဂတွေ စုစည်းပြီးတော့ ကိုယ့်မှာ ဖြစ် တဲ့ အကြောင်းအရာတွေကို သင့်တင့်လျော်ကန်တဲ့ လုပ်အားခရရှိရေး လုပ်သွားကြမယ်။ အပြည်ပြည်ဆိုင်ရာသမဂ္ဂအနေနဲ့ အလုပ်
ရှင် အလုပ်သမားတွေ အကျိုးတူစီးပွား ဖြစ်ဆွေးနွေးတိုင်ပင်တဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးသွားပါ့မယ်။” ITUC အတွင်း ရေမှုး Ms.Sharon Burrow က ပြောသည်။

သင့်လျော်သည့် လုပ်အားခနှင့် ကန့်သက်လုပ်အားခ ရရှိရေးသည် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရအတွက်ပါ အကျိုးရှိ ကြောင်း ၎င်းမှဆက်ပြောသည်။

ထို့ပြင် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် ကလည်း မညီမျှသည့် တဖက်စောင်းနင်းဆန်သည့် လုပ်ရပ်များကို ပြုလုပ်သည့် မည် သည့်လုပ်ငန်းရှင်များကို မဆို လက်မခံကြောင်း ပြောဆိုသည်။

အလုပ်သမားသမဂ္ဂဖွဲ့မည်ဆိုလျှင် မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအထိ အကြောင်းကြားရမည် ဖြစ်သည်။ ၎င်းအပြင် သမဂ္ဂတစ်ခု အနေဖြင့် လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်လိုလျှင် အဖွဲ့ဝင်များသည် မိမိပိုက်ဆံနှင့်သာ လှုပ်ရှားရမည် ဖြစ်ကြောင်း သိရှိရ သည်။

“လုပ်အားခနည်းလို့ ပိုက်ဆံမထည့်နိုင်ရင် ဒါဆိုဘယ်လိုလုပ်မလဲ။ အဲဒါမျိုးတွေလုပ်ဖို့သမဂ္ဂတွေကို ပညာပေးဖို့လုပ်ငန်းတွေ အချင်း ချင်းဆွေးနွေးဖို့တွေလိုသေးတယ်။ နောက်တစ်ခုက အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဘယ်လိုရှိလဲ။ ဥပဒေတွေကို ပြင်ဖို့ ဆိုရင် လူတိုင်းက ပြောတယ် ။ မကောင်းဘူးဆိုရင် ဘယ်ဟာက မကောင်းဘူးလဲဆိုတာ သေသေချာချာသိဖို့ သုံးသပ်ဖို့လိုတယ်။ အဲဒါမျိုးတွေလုပ်ဖို့က လုပ်နိုင်အား မရှိဘူး။ ဘာလို့လဲဆိုတော့ ငွေရေးကြေးရေးအခက်အခဲ၊ ပညာပိုင်းဆိုင်ရာ အခက်အခဲ အဲဒါ တွေအားလုံးကို ကူညီဖို့ အခြေခံအလုပ်သမား သမဂ္ဂတိုးတက်လာအောင် ဘယ်လို လုပ်မလဲ ဆိုတာတွေ လုပ်နိုင်ဖို့ ကူညီပေးဖို့ တွေရှိပါတယ်။” ဟု (ITUC)၏ ကူညီပေးမည့် ကဏ္ဍများ ကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင် ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံ၏ အလုပ်သမား အခွင့်အရေးပြည့်ဝစွာရရှိရေး၊ အခြားအခွင့်အရေးများရရှိရေးအတွက် ITUC နှင့် FTUB တို့သည် UNFCCI တွင် အောက်တိုဘာလ (၈) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ သင်တန်းတွေ ပို့ချမယ်ဆိုရင် ဒီကအလုပ်သမားတွေ မသိသေးတဲ့ အမြင်တွေ မတတ်သေးတဲ့ ပညာတွေနဲ့ အခွင့် ရေးတွေ ပိုပြီးတောင်းဆိုလာတတ်မယ်။ အလုပ်ချိန် (၈း၀၀)နာရီ ဆိုတာကဘယ်လိုမျိုးလဲ နိုင်ငံတကာ သမဂ္ဂတွေ ရောက်လာ မယ်ဆိုရင် သူတို့ဆီမှာရှိတဲ့ စံနှုန်းတွေနဲ့ မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းရှင်တွေက ဒီတိုင်းလေးစား လိုက်နာရ တော့မှာပါ။”ဟု အလုပ်သမား သမဂ္ဂကော်မတီမှ ကိုမျိုးမင်းသိန်းက ဆိုသည်။

International Trade Union Committe (ITUC)သည် နိုင်ငံပေါင်း(၅၀)ကျော်၊အဖွဲ့ပေါင်း (၃၀၀)ကျော်နှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သည့် အဖွဲ့စည်းတစ်ခုဖြစ်သည်။

Ref:

0 comments:

အပေါ်သို့