Wednesday, July 18, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် စက်တင်ဘာ တွင် စတင် မည်

July 17, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်အခြေစိုက် Atlantic Council မှ ပေး အပ် ချီးမြှင့် မည့် Global Citizen Award ဆု တက်ရောက် လက်ခံ ရယူ ခြင်း အခမ်း အနား နှင့် ညစာစား ပွဲ သို့  တက်ရောက် ရန် အမေ ရိကန် ပြည် ထောင် စု သို့  စက်တင်ဘာ လ တတိယ ပတ် တွင် ခရီး ထွက် မည် ဖြစ် ကြောင်း FNG မှ သိရှိရသည်။

Atlantic ကောင်စီ မှ ပေး အပ် ချီးမြှင့် သည့် ဆု ကို စက်တင်ဘာလ ၂၁ ရက်နေ့  တွင် တက်ရောက် လက်ခံ ရယူ မည် ဖြစ်ပြီး ထို အခမ်းအနား တွင် အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟောင်း ဒေါက်တာဟင် နရီ ကစ်ဆင် ဂျာ ၊ လူသားချင်း စာနာမှု အစီအစဉ် များ ကို ဆော်သြသူ နှင့် ဂီတမှုး ဖြစ်သူ ကွင် ဆီဂျုံး တို့ လည်း ဆု တက်ရောက် လက်ခံ ရယူ မည် ဖြစ်သည်။

အမေရိကန် နိုင်ငံ ကို ရောက် ရှိ နေ ခိုက် မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ မိသားစု တွေ အများဆုံး အခြေစိုက် တဲ့ အမေရိကန် မြို့ တွေ ဖြစ်တဲ့ ၀ါရှင်တန် ဒီစီ ၊ နယူးယောက် ၊ အင်တီရားဏား ပြည်နယ် ဖို့ ဝိန်း မြို့  ၊ ဆန်ဖရန် စစ္စကို မြို့ တွေ နဲ့  အခြား အမေရိကန် ပြည်ထောင် စု က အဖွဲ့  အစည်းတွေ နဲ့  တက္ကသိုလ် တွေ က ဖိတ် ကြား မှု တွေ ကို သွား ရောက် လည်ပတ် ဖို့  မျှော် လင့် ရ ကြောင့်
ပြည်တွင်း NLD ပါတီ ၀င် တစ်ဦး က FNG ကို ပြောသည်။

ဂျော်ဂျီ ယာ ပြည်နယ် အတ္တလန်တာ မြို့  က မြန်မာ မိသားစု တွေ က ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ ဖို့  မော်တော် ကား နဲ့  ၀ါရှင်တန် ကို သွား မယ် ဟု မြန်မာ မိသား စု ၀င် တစ်ဦး ၏ Facebook စာမျက်နှာ တွင် ရေးသား ထား သည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့