Friday, July 20, 2012

မန္တလေးတိုင်း NLDရုံးချုပ်တွင် အာဇာနည်နေ့အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

မောင်ယဉ်ကျော် မန္တလေး-(မြစ်မခ)
20 Jul, 2012

(၆၅)နစ်မြောက်အာဇာနည်နေ့ အထိမ်းအမှက်အောက်မေ့ဖွယ်အခမ်းအနားအားမန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင်ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှနေ့လည်(၁၂)နာရီ အထိ ကျင်းပခဲ့သည်။

ပြည်သူအပေါ်ကောင်းမွန်လာ သည့်သမ္မတဦးသိန်းစိန်ကိုကျေးဇူးတင်ကြောင်းသမ္မတဦးသိန်းစိန်အာဇာနည် ခေါင်းဆောင် ကြီးများ အပေါ်တွင် မြင်သည့်သဘောထားအတိုင်း ကျန်ရှိသော အစိုးရဘက်က ခေါင်းဆောင် များလည်းမြင်စေလိုကြောင်းကို ညီလာခံ ကျင်းပရေးကော်မ ရှင် ဥက္ကဋ္ဌဒေါ်ဝင်းမြမြ ကအဖွင့်အမှာစကား ပြောခဲ့သည်။

အာဇာနည်နေ့ ပထမသ၀ဏ်လွှာအား ဒေါက်တာစိုင်းလှသိန်းက ဖတ်ကြားခဲ့သည်။ဒုတိယသ၀ဏ်လွှာအား ညီလာခံခရိုင် ဥက္ကဋ္ဌ ဦးထင်ကျော်က ဖတ်ကြားကာနှစ်ပေါင်း(၅၀)ကြာ လူ့အခွင့်ရေးဆုံးရှုံးခဲ့ရမှုနှင့် ပတ်သက်၍ဟောပြောခဲ့ပါသည်။

ဇူလိုင်(၁၉)ရက် နံနက်(၁၀)နာရီခွဲအချိန်တွင် ကျဆုံးသွားသောအာဇာနည်ကြီးခေါင်းဆောင်ကြီးများအား အလေးပြု၍၀မ်းနည်း ခြင်းအထိမ်း အမှတ်အနေဖြင့် (၈)စက္ကန့်ဥသြဆွဲကာငြိမ်သက်ဂါရ၀ပြုခဲ့ကြသည်။

'ကျွန်တော်အာဇာနည်ခေါင်းဆောင်းကြီးတွေကို အရမ်းသတိရပါတယ်ဥသြဆွဲသံပြီးတော့ ကျွန်တော် သတိ ရလွန်းလို့ မျက်ရည်တောင် ကျခဲ့ရပါတယ်။စိတ်မထိမ်းနိုင်တဲ့ အမျိုးသမီးတွေက ငိုကြတာပေါ့။ အရမ်းကို အမှတ်ရစရာအောက်မေ့ဖွယ်ပါပဲ'ဟု အမျိုးသားဒီမို က ရေစီအဖွဲ့ဝင် ကိုစိုးနိုင်လင်းကပြောကြားခဲ့သည်။

၎င်းအခမ်းအနားတွင် ဆရာဦဘုန်း(ဓာတု)မှ အလွမ်းဂျူလိုင်ခေါင်းစဉ်ဖြင့်ဟောပြောကာ ကျောင်းသားလူငယ် လေးများက အာဇာနည် နေ့ ဂုဏ်ပြုကဗျာများရွတ်ဆိုခဲ့ကြသည်။

မြို့တော်အခန်းမတွင်လည်း မန္တလေးမြို့တော်ဝန်ကအာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပခဲ့သလို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကျင်းပသော အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖိတ်စာအရနောက်ကျ၍ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

Ref: မြစ်မခ

0 comments:

အပေါ်သို့