Friday, July 20, 2012

အမေရိကန် မိုးခေါင်ရေရှားမှုဂယက် ပြောင်းနဲ့ပဲပိစပ် ဈေးတက်

19.07.2012

အမေရိကန်ပြည်ထောင်စုရဲ့ ပေါင်မုန့်ခြင်းကြီးလို့ တင်စားကြတဲ့ အနောက်အလယ်ပိုင်းဒေသမှာ ဒီနှစ် အတွင်း မိုးခေါင်ရေရှားပြီး စိုက် ပျိုး မြေတွေခြောက်သွေ့တာ၊ စိုက်မရ ပျိုးမရ ဖြစ်နေတာတွေကြောင့် နိုင်ငံ တွင်းမှာ ၁၉၅၆ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး မိုးခေါင် ရေရှားမှုနဲ့ သီးနှံရှားပါးမှုတွေ ကြုံတွေ့နေရပါတယ်။

ပြောင်းနဲ့ ပဲပိစပ်ဈေးတွေလည်း ခေါင်ခိုက်အောင် တက်သွားခဲ့ပါတယ်။ ဒီဒေသမှာ မိုးအနည်းငယ်ပဲ ရွာသွန်းဖို့ရှိတယ်လို့လည်း မိုးလေ၀သ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပြောင်းဈေးဟာ (၈) ဂါလံဝင် ပုံးတစ်ပုံး (one bushel) ကို ရှစ်ဒေါ်လာဈေး ရှိပြီးတော့ ပဲပိစပ်ဟာလည်း (၈)ဂါလံဝင် ပုံးတစ်ပုံး (one bushel) ကို (၁၇) ဒေါ်လာနဲ့ ဆင့် (၅၀) ထိ ဈေးတက်သွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုဟာ ပြောင်းနဲ့ ပဲပိစပ် ထုတ်လုပ်တဲ့ ဦးဆောင်နိုင်ငံဖြစ်ပြီးတော့ ဒီသီးနှံ နှစ်မျိုးကို အစားအသောက် ထုတ်လုပ်ရေးနဲ့ ပြောင်းကို ဆိုရင် လောင်စာဆီအဖြစ်ပါ ပြောင်းလဲ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အမေရိကန် လယ်သမားတွေဟာ ပူပြင်းလှတဲ့နွေရာသီရဲ့ အပူချိန်အောက်မှာ သူတို့ရဲ့ သီးနှံတွေ ပျက်စီး လာနေတာကို လက်ပိုက် ကြည့် နေကြရတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။


Ref: ဗွီအိုအေ

0 comments:

အပေါ်သို့