Wednesday, July 18, 2012

မြန်မာဘက်က လက်နက်ကိုင်မူးယစ်ကုန်သည်များအား ထိုင်းအာဏာပိုင်များ နှိမ်နင်း

အောင်အောင်-ချင်းမိုင်(မြစ်မခ)
18 Jul, 2012

မြန်မာနိုင်ငံဘက်အခြမ်းမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသော အမည်မသိလက်နက်ကိုင် မူးယစ်ကုန်သည်(၈)ဦးအား ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဆန်ပါစပ်ရွာအနီးတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက အသေဖမ်းးဆီးရမိကြောင်း သိရှိရသည်။

အဆိုပါ ထိုင်းဘတ်ငွေသန်းငါးရာဖိုးခန့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများမှာမိုင်းဆက်မိုင်းတုံဘက်မှအမည်မသိလက်နက်ကိုင် မူးယစ်ကုန်သည်များဖြစ်၍ ၄င်းတို့နှင့်အတူ ယာအိုင်စ် ၇၀ ကီလိုဂရမ် နှင့် မြင်းဆေး(ခေါ်) စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်း ငါးသောင်း ဖဖ်းဆီးရမိခြင်းဖြစ်ပြီး မူးယစ်ဆေးသယ်ဆောင်သူများကိုင်ဆောင်ထားသည့့်  AK 47 မောင်းပြန် ရိုင်ဖယ် 3 လက်၊ 9 မီလီမီတာ ပစ္စတိုတစ်လက်၊ ပွိုင့် 22 တစ်လက် သိမ်းဆည်းရမိကြောင်းကိုလည်း ထိုင်း နယ်စပ်အရာရှိတစ်ဦးထံက သိရှိရသည်။

ဇူလိုင်လ (၁၇)ရက်နေ့ နံနက် (၃း၀၀)နာရီဝန်းကျင်က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တဖက်ကမ်းရှိ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဆန်ပါစပ်ရွာအနီးရှိ ဖာမီတောင်တွင် မူးယစ်ဆေးသယ်ဆောင်လာသူ ၁၂ ဦးနှင့် ထိုင်းကွန်မန်ဒိုတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မြို့ခံ တပ်ဖွဲ့တို့ က (၁၅)မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယခုကဲ့သို့ ပစ္စည်းများသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ကုန် သည် (၈)ဦး အား အသေဖဖ်းဆီးရမိခြင်းဖြစ်ကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့က သိရှိရသည်။

“ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရဖြတ်တောက်မှုလုပ်ရင်း တိုက်ပွဲဖြစ်ပွားခဲ့တာပါ၊ မယ်ဆိုင် ဇာမီတောင်း ကုန်းအနီးမှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်”ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မြန်မာနိုင်ငံ သားတစ်ဦးက ပြောသည်။

မူးယစ်ကုန်သည်များမှာ မိုင်းတုန်မိုင်းဆတ် တာချီလိတ်ဘက်မှတဆင့် မယ်ဆိုင်ဘက်သို့ ဖြတ်သန်းဝင်ရောက်ရာတွင် ယခုကဲ့သို့ အသေ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ချင်းမိုင်ရောက် မီဒီယာလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

“ဘယ်အဖွဲ့အစည်းကလည်းတော့ မသိဘူး၊ မိုင်းတုန်၊ မိုင်းဆက်ဘက်ကနေ ၀င်လာတဲ့သူတွေလို့တော့ သိရတယ်၊ ဒီနေ့မနက် (၃)နာရီ လောက်မှာ ဖြစ်သွားတာ၊ ထိုင်းဘက်ကတော့ အထိအခိုက်မရှိဘူး၊ ကုန်သည်တွေဘက်က (၈)ဦး ကျသွားတယ်လို့ သိရ တယ်”ဟု ချင်းမိုင်ရှိ မြန်မာတစ်ဦးက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် လမ်းကြောမှာ ယခင်က လာအိုနိုင်ငံမှ ဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ရာဇာ နော်ခမ်းအဖွဲ့၏ လမ်းကြောဖြစ် သော်လည်း နော်ခမ်းအဖွဲ့ဝင်များမှာ ပြီးခဲ့သည့် ဧပြီလအတွင်းက လက်နက်ချခဲ့သည့်အတွက် မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိကြောင်း ၄င်းကဆက်ပြောသည်။

ထိုင်း မြန်မာနယ်စပ်တွင် ယခုကဲ့သို့မူးယစ်ဆေးဝါးဖမ်းဆီးရမှုများမှာမကြာခဏဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ ကလည်း မြင်းဆေးခေါ်စိတ်ကြွဆေးပြားများသယ်ဆောင်လာသူ ထိုင်းနိုင်ငံသားတစ်ဦးအား ထိုင်းအာဏာပိုင်များက မယ်ဆိုင်မြို့အနီး တွင် ဖဖ်းဆီးခဲ့ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့