Thursday, July 19, 2012

အင်းလုပ်ပိုင်ခွင့် KNU မှ ပိတ်လိုက် သဖြင့် လေလံသမားများ နစ်နာ

18 July 2012

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ အစိုးရထံ လေလံ ဆွဲထားသော အင်းသူကြီး များအား ဤနှစ် အတွက် အင်းလုပ်ပိုင်ခွင့်ကို KNU က ပိတ်ပင် လိုက် သဖြင့် ကျပ်သိန်းပေါင်း နှစ်ထောင်ခန့် နစ်နာ ခဲ့ရသည်ဟု နစ်နာ ဆုံးရှုံး ခဲ့ရသည့် အင်းသူကြီး တစ်ဦးမှ ပြောပါသည်။

“ လုပ်ရဲရင် လုပ်ကြည့်တဲ့ ကျည်ဆံ တထောင့်မှ (၃၅)ကျပ်ဘဲ၊ အင်းစောင့် လုပ်ပစ်မယ်။ မင်းတို့ ဘယ်လိုပဲ လေလံတွေ ကောက်ထား ပါစေ ဒီနှစ် ၀င်မလုပ်ရဘူး၊ ဒါဟာ အများပိုင် ဘုံမြေ အဖြစ် သတ်မှတ်မယ်တဲ့ စသဖြင့် ပေါ့လေ ဒီရွှေကျင်မြို့နယ်၊ ဟင်္သာဝဲ ကျေးရွာနဲ့ ကျွန်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ စောဝီလျံတို့က အဓိက ခြိမ်းခြောက် နေတာပါ၊ စောဝီလီယံ ကတော့ ဒီနယ်မှာ ရှိတဲ့KNU တပ်ရင်း(၉)မှူးရဲ့ သားပါဘဲ။ ခြိမ်းခြောက် ခံနေရ တာပေါ့” အခြိမ်းအခြောက် ခံရသည့် အင်းသူကြီး တစ်ဦးမှ ပြောပါသည်။

ရွှေကျင် မြို့နယ်တွင် အင်းပေါင်း (၄၅)ခန့် ရှိပါသည်။ အင်းတအင်းလျှင် အနည်းဆုံး ကျပ်သိန်း(၂၀)မှ သိန်း(၅၀) အတွင်း ပြည်နယ် အစိုးရ ၌ လေလံ ဆွဲထား ရပါသည်။ အလားတူ KNU ကိုလည်း နှစ်စဉ် (၅) သိန်းနှင့် (၁၀)သိန်းကြား အခွန်များ ပေးဆောင် ရပါသည်။ ဤနှစ်တွင် အပစ်အခတ် ရပ်စဲချိန် ဖြစ်သည့်အတွက် KNU ဖက်က အင်းကြေး မယူဘဲ ပိတ်ပင် လိုက်ခြင်း ဖြစ်ပါသည်။

ဤကိစ္စကို အင်းလေလံ ဆွဲထား သူများက ပြည်နယ် အစိုးရထံ ပြီးခဲ့သည့် လဆန်းပိုင်းမှ စပြီး (၂) ကြိမ်တိုင် တိုင်ကြား ခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းပေးခြင်း မရှိဟု ဆိုပါသည်။ ဤကဲ့သို့ ဖြေရှင်းခြင်း မရှိသည့် အတွက် လေလံ ရထားသော အင်းသူကြီး များသည် ကျောက်ကြီး မြို့ရှိ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောကနဲထူးဗျိုင်းထံ တိုင်ကြား ပြန်ပါသည်။

“ ဒီနှစ် အတွက်တော့ ခင်ဗျားတို့ မလုပ်ကြ ပါနဲ့တော့တဲ့၊ သူ့ဆီကို ကျေးရွာ အုပ်ချုပ်ရေးမှူး များနဲ့ ရပ်မိရပ်ဖ (၂၂) ဦး ကနေ စာတင် ထားတာ ရှိပါတယ်။ သဘော ကတော့ ဒီအင်းတွေကို အများပိုင် လုပ်ဖို့ အဆိုပြု ခဲ့တာပါ။ ဒါကြောင့် တနှစ် လောက်တော့ ၀င်မလုပ် ကြပါနဲ့တော့ တင်ထားတဲ့ လေလံတွေ အဆုံးခံ လိုက်တော့ ဒေသခံ တွေကိုဘဲ လုပ်ခွင့် ပေးလိုက်ပါ” ဆိုပြီး KNU ဆက်ဆံရေးရုံး တာဝန်ခံ စောကနဲထူးဗျိုင်းက ပြောခဲ့ပါသည်။

ပဲခူးတိုင်းမှ အင်းပြသနာသည်၊ နှစ်စဉ်KNU ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရ ပါသည်။ ကေအန်ယူလည်း အပစ်အခတ် ရပ်စဲရေး မရှိသည့် အတွက် စစ်ရေး အခြေအနေ အရ ယခုကဲ့သို့ လုပ်ပိုင်ခွင့် မရှိသေးသည့် အတွက် အကြမ်းနည်းဖြင့် နှစ်စဉ်ကြေး ရရန် တောင်းဆို ခဲ့ရပါသည်။ ဤသို့ကြောင့် လေလံ သမားများသည် အစိုးရ အာဏာပိုင်နှင့် ကေအန်ယူ အာဏာပိုင် အကြား၌ နစ်နာ ဆုံးရှုံးမှု များအပြင် အသက်ပင် စတေးရ မလို ဖြစ်လာ နေရသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ခံခဲ့ရပြီး ဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့