Thursday, July 19, 2012

အပေါင်ထား၍ စိုက်စရိတ်ချေးငွေထုတ်ချေးရာတွင် လယ်သမားများအတွက် အခက်အခဲရှိ

ဝင့်သင်ဇာကျော် (မြစ်မခ)
18 Jul, 2012

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ဇီးကုန်းမြို့နယ် အုပ်စု(၄)အုပ်စုတွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရန် အာမခံလက်မှတ် ထိုးခိုင်းမူ များ ကြောင့် ချေးငွေထုတ်ယူသူများ အခက်အခဲများ ကြုံတွေ့နေရ ကြောင်း လယ်သမားများထံက သိရှိရသည်။

“ကျွန်တော်တို့ထုတ်ချေးတဲ့အခါ ချေးငွေက အပေါင်ပစ္စည်းနဲ့ထိုက်တန်မှုရှိမရှိကို အာမခံ(၃)ဦး နဲ့လက်မှတ်ထိုးပေးရမယ်၊ မထိုးပေး ရင်အပေါင်ပစ္စည်းမထားရင်မချေးပေးနိုင်ဘူးတဲ့အဲ့ဒီလိုကိစ္စမျိုးတွေကြောင့် ကျွန်တော်တို့တောင်သူ လယ်သမားတွေ တော်တော် အခက်အခဲကြုံနေရတယ်” ဟု စံပယ်မြောင်ကျေးရွာ အုပ်စုမှလယ်သမား ဦးမြင့်အေးက ပြောသည်။

ဇီးကုန်းမြို့နယ်၊ စံပါယ်မြောင်ကျေးရွာအပါဝင် အုပ်စု (၄)အုပ်စုရှိ လယ်သမားများအနေဖြင့် မိမိပိုင်ဆိုင် သည့် လယ်ဧကပမာဏအလိုက် ချေးငွေထုတ်ယူရာတွင် အပေါင်ပစ္စည်းအတွက် အာမခံပုဂ္ဂိုလ် (၃)ဦးမှ လက်မှတ် ထိုးပေးရမည်ဖြစ်ကြောင်း လယ်သမားများက ဆို သည်။

“စိုက်စရိတ်ချေးငွေထုတ်ချင်ရင် နွားဖြစ်ဖြစ် ၊ လှည်းဖြစ်ဖြစ် အပေါင်ထားရမယ်တဲ့ ၊ စိုက်ပျိုးမယ့် ဧကအတွက်ချေးငွေထုတ်မယ် ဆိုရင် သူနဲ့တန်တဲ့အပေါင်ပစ္စည်းထားရမယ်တဲ့နောက်ဆုံးအိမ်ပေါ့ ဒီလို အပေါင်သဘောမျိုးထားပြီး စိုက်စရိတ်ချေးငွေထုတ်ပြီး စပါးစိုက် ရ မယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး” ဟု လယ်သမားအရေးဆောင်ရွက်နေသူ ဦးစောမောင်သိန်းက ပြောသည်။

နိုင်ငံတော်မှ မိုးစပါးစိုက်ပျိုး လယ်သမားများအား စိုက်ပျိုးစရိတ် ပြေလည်စေရန်အတွက် စိုက်စရိတ် ချေးငွေ တစ်ဧက ကျပ် (၅)သောင်း တိုးမြှင့် ချေးပေးလျက်ရှိသော်လည်း လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီများရှိ မိုးစပါးစိုက်ပျိုးရာ ဒေသများတွင် ချေးငွေထုတ်ယူ ရာတွင် အခက်အခဲအမျိုးမျိုး ကြောင့် ထုတ်ယူနိုင်မှုမရှိသေးကြောင်း လယ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

ဇီးကုန်းကျေးရွာမှ တောင်ရေကန်ကျေးရွာအုပ်စု ၊ အလယ်ကုန်းကျေးရွာအုပ်စု၊ လှေးကူးကုန်းကျေးရွာ အုပ်စုနှင့် စံပယ်မြောင်ကျေး ရွာအုပ်စုတွင်လယ်လုပ်ကိုင်သူ (၃၀၀)၀န်းကျင်ရှိသည့်အနက် စိုက်စရိတ် ချေးငွေမရရှိသည့် လယ်သမားဦးရေ(၃၀)ခန့်ရှိကြောင်း သိရှိရသည်။

“စပါးစိုက်ပျိုးဖို့ ချေးငွေမရသေးတော့ တစ်ချို့ဆို ငါးဖမ်းတယ်၊ ကန်စွန်းရွက်ခူးရောင်းတယ် ကြုံရာ ကြပန်းပေါ့ ဒီလိုပဲ ခဏတာနေ ရေးထိုင်ရေးကို ဖြေရှင်းနေရတယ်” ဟု တောင်ရေကန်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ၂၀၁၀-၂၁၀၀ခုနှစ်တွင် တစ်ဧကလျှင် ကျပ် (၄)သောင်းချေးပေးခဲ့ရာမှ ယခု ၂၀၁၂ခုနှစ်တွင် စိုက်စရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် (၅)သောင်း သို့ တိုးမြင့် ချေးပေးခဲ့ပြီး စပါးစိုက်ပျိုးရာ ဒေသအ သီး သီးတွင် စိုက်စရိတ် ချေးငွေးထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့