Thursday, July 19, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း ဆွေးနွေး

2012-07-18

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ လွှတ်တော်အစည်း အဝေး ခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NLD က ထုတ်ပြန်ပြောဆိုပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ မနက်ဖြန် ကျင်းပမဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို တက်ရောက်ဖို့အတွက် ရန်ကုန်မြို့ကို ထွက်ခွာလာ ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၉ နာရီမှာ အာဇာနည်ဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုမှာ ဖြစ်ပါတယ်။ အဲဒီနောက် NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့