Tuesday, July 26, 2011

ကက်ဘိနက်ကို ကျမ စိတ်ကြိုက်ဖွဲ့မယ်

July 25, 2011

အစိုးရသစ်မဖွဲ့ခင်မှာ သူ့ခေါင်းဆောင်မှုကို ဆန်းစစ်တာတွေမလုပ်ဖို့ ဖွေ့ထိုင်းပါတီဝန်ကြီးချုပ်လောင်း ခွန်ယင်လပ် ရှီနာ ၀ပ်ထ်က ဝေဖန်ရေးသမားတွေကို ထပ်မံသတိပေးလိုက်ပါတယ်။ “ အမျိုးမျိုးဝေဖန်နေမဲ့အစား ကျမဖွဲ့မယ့် ကက်ဘိနက် ကို စောင့်ကြည့် ပါအုန်း” လို့ သူမက ပြောလိုက်ပြီး သူမက မိသားစုကက်ဘိနက်တခုကို ဖွဲ့ပြီး ဦးဆောင်သွားတော့မယ် ဆိုတဲ့ ဝေဖန်မှုတွေကို ပယ်ချလိုက်ပါတယ်။ ကက်ဘိနက်နေရာတွေခွဲဝေမှုကို ခွန်ယင်လပ်ရဲ့အကို ထပ်စင် ရယ်၊ နောက် အကိုတယောက်ဖြစ်တဲ့ ဖယာ့ပ်နဲ့ အမ ယောက်ဝါဖား တို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုပြီး ပီးခဲ့တဲ့အပတ်က အတိုက် အခံအမတ်ချူး၀၀်ခမ်းမိုလ်ဗီဆစ် က အချက်ပေးပြောကြားလိုက်ပါတယ်။


ပြည်သူလူထုကို အလုပ်အကြွးပြုဖို့ စွမ်းရည်ပြည့်ဝတဲ့ အဖွဲ့တခုကို ဖွဲ့စည်းဖို့ရည်ရွယ်ပြီး ၀န်ကြီးနေရာတွေကို ရွေးချယ်ဖို့ ပိုင်းဖြတ် ထားပါတယ်လို့ ခွန်ယင်လပ်က တုန့်ပြန်ပြောဆိုပါတယ်။ ၀န်ကြီးစာရင်းတွေကို ဖွေ့ထိုင်းပါတီ အမှုဆောင်အဖွဲ့က အတည်ပြုမှာ ဖြစ်ပါတယ်။ လို့ပြောလိုက်ပြီး ရှီနာဝပ်ထ်ဆွေမျိုးအုပ်ထဲက ထပ်စင်နဲ့တခြားဆွေမျိုးတွေ ပါဝင်နေ တယ်ဆို တာကို ငြင်းလိုက်ပါ တယ်။ ကက်ဘိနက်မှာပါဖို့လျာထားတဲ့လူစာရင်းတွေကို ခန့်မှန်းပြောဆိုနေတာတွေကို ရပ်ကြဖို့ သူမ က တောင်းဆိုလိုက်ပြီး ဒါကို မဝေဖန်ခင်မှာ သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ရှင်းပြဖို့ အခွင့်အရေး ရှိသင့်ပါတယ်လို့ အခြေအတင်ပြောဆိုလိုက်ပါတယ်။

“ကက်ဘိနက်ဖွဲ့ဖို့ ကျမ အကောင်းဆုံးလုပ်မှာပါ။ ဘာလို့လည်း ဆိုတော့ ပြည်သူတွေက ထိထိရောက်ရောက်လုပ်နိုင်တဲ့ အစိုးရ တရပ်ကို မြင်ချင်လို့ပါ” လို့ သူမက ပြောပါတယ်။ ဒူဘိုင်းမှာရှိတဲ့ ထပ်စင်နဲ့တွေ့ဆုံဖို့သွားကြတဲ့ ဖွေ့ထိုင်းပါတီအ မတ်တွေနဲ့ ပတ်သက်ပြီး ဒီခရီးစဉ်နဲ့ ကက်ဘိနက်ဖွဲ့ဖို့ လျာထားတဲ့ လူစာရင်း ကိစ္စတွေအကြား ဘာမှ ဆက်နွယ်မှုမရှိပါ ဘူးလို့ သူမက ပြောပါတယ်။ ဆွေမျိုးတွေကို အဓိက၀န်ကြီး နေရာတွေပေးဖို့ သူ့အပေါ်ကို ဘယ်သူမှ ဖိအားပေးတာမရှိပါ ဘူး။ ထပ်စင်ကလည်း ၀န်ကြီးခန့်အပ်ရေးမှာ သြဇာလွှမ်းဖို့ မကြိုးစားပါဘူးလို့ သူမက ထပ်ခါထပ်ခါ ပြောပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့