Wednesday, July 27, 2011

ရေကြီး​သည့်​ ဟင်္သာတမြို့ကို သမ္မတဦး​သိန်း​စိန် လာစစ်မည်

July 26, 2011
အေး​နိုင်

ဇူလိုင်လ ၁၉ ရက်​နေ့​ညကစပြီး​ အဆက်မပြတ်ရွာတဲ့​မိုး​ကြောင့်​ အိမ်အ​တော်များ​များ​ ​ရေမြုပ်ခဲ့​ရတဲ့​ ဧရာဝတီတိုင်း​ ဟင်္သာတမြို့က ​ရေကြီး​မှုအ​ခြေအ​နေကို သမ္မတဦး​သိန်း​စိန်ကိုယ်တိုင် မနက်ဖြန် လာစစ်မယ်လို့​ ဟင်္သာတမြို့ခံတဦး​က ​ပြောပါတယ်။


ဒီက​နေ့​မှာ ဧရာဝတီတိုင်း​ ​ဒေသကြီး​ဝန်ကြီး​ချုပ် အပါအဝင် တာဝန်ရှိသူ​တွေ ​ရောက်ရှိ​နေတယ်လို့​ ဆိုပါတယ်။

ဧရာဝတီတိုင်း​ ထဲက ပန်း​တ​နော်ဘက်မှာလည်း​ ဆည်​ရေ​ဖောက်ချလို့​ လယ်​မြေဧက ၂ ​သောင်း​လောက် ​ရေဖုံး​လွှမ်းနေတာ​ကြောင့်​ သမ္မတနဲ့​အဖွဲ့​ သွား​ကြည့်​မယ်လို့​ သတင်း​ထွက်​နေပါတယ်။

မြို့​ခံ​တွေက ​တော့​ ​ရေ​ဘေး​ဒုက္ခသည်​တွေအတွက် ​ပေး​ဝေတဲ့​ ကယ်ဆယ်​ရေး​ပစ္စည်း​တွေ လိုသလို ​ရေစီး​ရေလာ​ကောင်း​မွန်​ရေး​ကို ပုံမှန်အ​လေး​ထား​ ​ဆောင်ရွက်ဖို့​က ပိုအ​ရေး​ကြီး​ပါတယ်လို့​ ​ပြောပါတယ်။

ဟင်္သာတမြို့ ခံတဦး​က “ကျ​နော်တို့​ မြို့ခံ​တွေအ​နေနဲ့​ သမ္မတကြီး​ လာချိန်မှာ ​ရေကြီး​တဲ့​ ရပ်ကွက်က လူ​တွေနဲ့​ ​တွေ့​ပြီး​တော့​ အား​ပေး​စကား​တွေ​ပြော၊​ မုန့်​ပုံး​တွေ​ပေး​၊​ အထည်အလိပ်​တွေ​ပေး​ပြီး​ ပြန်မသွား​ဘဲနဲ့​ ​နောက်ဒီလို ​ရေကြီး​ရင် ဘယ်လိုလုပ်မလဲ။ လယ်က သင်း​ရေကြီး​လို့​ ကြီး​တာမဟုတ်ဘူး​။ ​ရေကာတာကျိုး​လို့​ကြီး​တာမဟုတ်ဘူး​။ ဆည်ကျိုး​လို့​ ကြီး​တာမဟုတ်ဘူး​။ မိုး​ရွာလို့​ကြီး​တာ။ မိုး​ဒီ​လောက်ရွာရင် ဒီလိုမကြီး​အောင် ​ရေ​မြောင်း​တွေ ဘယ်လို​ဖောက်မလဲ၊​ တာဝန်ရှိတဲ့​ ဆည်​မြောင်း​ဌာနက​နေ ​ရေတံခါး​တွေကို မြန်မြန်ဖွင့်​ဖို့​ သံ​ချေး​တက်ပြီး​ ပျက်စီး​နေတာကို ဘယ်လိုပြုပြင်ထား​မလဲ။ ဒါ​တွေကို လမ်း​ညွှန်ပါ တခါတည်း​ပေး​ခဲ့​ပါလို့​ အဲဒါကို ​ပြောချင်တာ” လို့​ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့