Tuesday, July 26, 2011

နော်​ဝေနိုင်ငံ အကြမ်း​ဖက်ခံရမှုအ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည် ဝမ်း​နည်း​ကြောင်း​ သဝဏ်လွှာ​ပေး​ပို့

July 26, 2011

နော်​ဝေနိုင်ငံမှာ ပြီး​ခဲ့​တဲ့​သောကြာ​နေ့​က ဖြစ်ပွား​ခဲ့​တဲ့​ ဗုံး​ပေါက်ကွဲမှုနဲ့​ ​သေနတ်နဲ့​ပစ်ခတ်မှု​ကြောင့်​ လူ ၉၀ ​ကျော် ​သေဆုံး​ခဲ့​ရတဲ့​အတွက် ဝမ်း​နည်း​ကြောင်း​သဝဏ်လွာကို မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။


စ​နေ​နေ့​မှာ ဝမ်း​နည်း​ကြောင်း​သဝဏ်လွှာကို ထိုင်း​နိုင်ငံ ဘန်​ကောက်အ​ခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ​နော်​ဝေသံ အမတ်ကြီး​ထံကို ​ပေး​ပို့​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ အဖွဲ့ချုပ် ဗဟိုပြန့်​ကြား​ရေး​အဖွဲ့ဝင် ဦး​အုန်း​ကြိုင်က အခုလို​ပြောပြပါတယ်။

“ဖြစ်ဖြစ်ချင်း ​ စ​နေ​နေ့​ ကျ​နော်တို့​ သတင်း​ရချင်း​ပဲ ဒီလို ဖြစ်ပျက်တဲ့​ကိစ္စ​တွေအတွက် ဝမ်း​နည်း​ကြောင်း​ သဝဏ်လွှာကို ဘန်​ကောက်မြို့မှာရှိတဲ့​ မြန်မာနိုင်ငံဆိုင်ရာ ​နော်​ဝေသံ အမတ်ကြီး​ကို အဲ​နေ့​ပဲ ပို့​လိုက်ပါတယ်။ အဲဒီသဝဏ်လွှာ ထဲမှာပါတဲ့​ အ​ကြောင်း​အရာ​တွေကို​တော့​ ကျ​နော်တို့​ သတင်း​ထုတ်ပြန်ခြင်း​မရှိပါဘူး​။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့