Wednesday, July 27, 2011

ပို့​ကုန်ခွန်​လျှော့​ပေး​သော်လည်း​ ​ငွေ​ဈေး​ကြောင့်​ ဆန်တင်ပို့​သူများ​ တွက်​ခြေမကိုက်

July 26, 2011
ရွှေအောင်

အစိုး​ရက ပို့​ကုန်ခွန်​လျှော့​ပေး​လိုက်ပြီး​နောက်ပိုင်း​ ပြည်ပကိုဆန်တင်ပို့​တဲ့​ ပမာဏ တိုး​မလာဘဲ ပုံမှန်ပဲရှိ​နေတယ်လို့​ ဘုရင့်​နောင် ဆန်ကုန်သည်တဦး​က ​ပြောပါတယ်။


အန်နီး​လို့​ ခေါ်တဲ့​ ပို့​ကုန်ကရတဲ့​ နိုင်ငံခြား​ငွေတန်ဖိုး​ ကျဆင်း​နေတာ​ကြောင့်​ ဆန်တင်ပို့​သူ​တွေ အဆင်မ​ပြေဖြစ်​နေကြတာလို့​ ဆန်ကုန်သည်က ​ပြောပါတယ်။

“ပုံမှန်ပတ်ဝန်း ​ကျင်​လောက်ပါပဲ။ သူ့​ဟာသူ ၃ ရာခိုင်နှုန်း​ချတာက ချတာပဲ။ အဝယ်နဲ့​အ​ရောင်း​က အန်နီး​ဈေး​က တခါထပ်ပြီး​ အတက်အကျရှိ​နေတယ်။ အန်နီး​ဈေး​ မတည်ငြိမ်​တော့​ လက်ရှိ​ပေါက်​ဈေး​ ၈၀၀ ပဲ အကြမ်း​ဖျင်း​ထား​၊​ အိတ်စ်ပို့​ အ​ရောင်း​အဝယ်လုပ်လိုက်လို့​ ​ငွေလည်း​ အန်နီး​ထဲ ဝင်လည်း​ဝင်လာ​ရော ၈၀၀ ​အောက်ဆင်း​သွား​တော့​ အလိုလိုရှုံး​ရော။ အဲလိုမျိုး​မဖြစ်​အောင် ​ငွေ​ကြေး​တည်ငြိမ်မှုရှိဖို့​ အဓိကလိုတယ်။”

လက်ရှိ အန်နီး​ဈေး​က ကျပ် ၈၀၀ ​လောက်ရှိ​နေပြီး​ ဆန်အိတ်စ်ပို့​ဈေး​က တတန်ကို အ​မေရိကန်​ဒေါ်လာ ၃၈၀ နဲ့​ ၄၀၀ ကြား​ရှိတယ်လို့​လည်း​ ​ပြောပါတယ်။

ဇူလိုင်လဆန်း​ကစပြီး​ စီး​ပွား​ကူး​သန်း​က ပို့​ကုန်ရ​ငွေအခွန်ကို ၁၀ ရာခိုင်နှုန်း​က​နေ ၃ ရာခိုင်နှုန်း​ ​လျှော့​ပေး​ထား​ပါတယ်။

လက်ရှိမှာ ပြည်ပကိုဆန်တင်ပို့​ဖို့​ ဆန်အထူး​ပြုကုမ္ပဏီ​တွေက ၅၀ ရာခိုင်နှုန်း​၊​ ပြည်ပကို ဆန်တင်ပို့​နေသူ​တွေက ၂၅ ရာခိုင်နှုန်း​၊​ ဆန်စက်ပိုင်ရှင်​တွေနဲ့​ လယ်သမား​တွေက ၂၅ ရာခိုင်နှုန်း​ ခွင့်​ပြုထား​တယ်လို့​ သိရပါတယ်။

ဇွန်နဲ့​ ဇူလိုင်လအတွင်း​ ဆန်တန်ချိန် ရှစ်​သောင်း​ တင်ပို့​ခွင့်​ပြုထား​ပြီး​ အခုထိ တန်ချိန် ​ခြောက်​သောင်း​ပဲ တင်ပို့​နိုင်​သေး​တယ်လို့​ ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့