Tuesday, July 26, 2011

နော်ဝေသံရုံးကို ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းသ၀ဏ်လွှာ ပေးပို့ 

2011-07-25

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘန်ကောက်မြို့ မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံရုံးထံ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ စနေနေ့က ပေးပို့ခဲ့တယ်လို့  သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ က နော်ဝေနိုင်ငံ အော်စလိုမြို့ မှာ အစိုးရရုံးတွေနဲ့ လူငယ် နွေရာသီစခန်း တစ်ခုကို နော်ဝေနိုင်ငံသား တစ်ယောက်က အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း တစ်ခုလုံး တုန်လှုပ်သွားခဲ့ပါတယ်။

အခုလို ဖြစ်ရပ်အပေါ် အထူး ၀မ်းနည်းကြေကွဲကြောင်း ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ ခဲ့တာ ဖြစ်ကြောင်း အင်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

နော်ဝေးနိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှု အတွက် နှစ်ပေါင်းများစွာ ဘဏ္ဍာရေး အကူအညီ ပေးနေပြီး၊ ထိုင်း-မြန်မာ နယ်စပ်က လူမှုအဖွဲ့ အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ အပါအ၀င် ဒီမိုကရက်တစ် မြန်မာ့အသံကိုပါ နှစ်စဉ် ငွေကြေး အကူအညီပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့