Monday, July 25, 2011

အင်ဒိုနီးရှားကို စံနမူနာယူသင့်ကြောင်း အမေရိကန်ပြောကြား

2011-07-24

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာအပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက် မြောက်ပိုင်းက လူထုအုံကြွမှု ဖြစ်ပွား နေတဲ့ အာရပ်နိုင်ငံတွေ အဖို့ စံနမူနာ ယူရမယ့် ဒီမိုကရေစီတိုင်းပြည်တခု ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းဟာ စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အရပ်သားအစိုးရ အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းရာမှာ အတုယူရမယ့် နမူနာတခု ဖြစ်တယ်လို့ ဆို ပါတယ်။ အင်ဒိုနီးရှား အစိုးရအရာရှိကြီးတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က အခုလို ပြောလိုက်တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အရှိန်ရနေပြီ ဖြစ်ပြီး အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီ အတူယှဉ်တွဲ ဖြစ်ပေါ်နိုင်တယ် ဆိုတာကို လက်တွေ့ ပြသခဲ့ပြီလို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံအပါအဝင် အဲဒီအာရပ်နိုင်ငံတွေရဲ့ ဒီမိုကရေစီရေးအတွက် ကူညီဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး မစ္စက်လင်တန်က တိုက်တွန်းလိုက်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့