Tuesday, July 26, 2011

တွေ့ဆုံမှုက​နေ အမှန်တကယ်အကျိုး​ရှိ​စေမည့်​ ရလဒ်များ​ဖြစ်လာရန် ​မျှော်လင့်​ဟုအဖွဲ့ချုပ်ဆို

July 26, 2011
အံ့ဘုန်းမြတ်

မြန်မာ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရသစ်ရဲ့​တာဝန်ရှိပုဂ္ဂိုလ် အလုပ်သမား​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​တွေ့ဆုံမှုအပြီး​ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုး​ရှိ​စေမယ့်​ ရလဒ်​တွေဖြစ်လာဖို့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့ချုပ်က ​မျှော်လင့်​ကြောင်း​ ​ပြောဆိုလိုက်ပါတယ်။


အဖွဲ့​ချုပ်ရဲ့​ ဗဟိုပြန်ကြား​ရေး​အဖွဲ့ဝင် ဦး​အုန်း​ကြိုင်က ​ပြောကြား​လိုက်တာဖြစ်ပြီး​ ဒီ​တွေ့ဆုံ​မှုတွေနဲ့​ပတ်သက်ပြီး​ အဖွဲ့ချုပ်ဗဟို အလုပ်အမှု​ဆောင်အဖွဲ့အ​နေနဲ့​ ဒီက​နေ့​မှာ သီး​သန့်​ကြေညာချက် ထုတ်ပြန်ဖို့​လည်း​ ရှိတယ်လို့​ ဦး​အုန်း​ကြိုင်​က ပြောပါတယ်။

“တဦး​ချင်း​သ​ ဘောထား​အမြင်အရ ​ပြောရမှာ​ပေါ့​။ ကျ​နော့်​သ​ဘောထား​က​တော့​ ဒီ​နေ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​နဲ့​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ပူး​တွဲထုတ်ပြန်တဲ့​အထဲမှာ ပါတဲ့​အတိုင်း​ပါပဲ။ ​ဆွေး​နွေး​မှုအတွက် ကျ​နော်တို့​ ​ကျေနပ်ပါတယ်။ ကျ​နော်တို့​ဘက်က​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဒီက​နေ့​ ​မေး​တဲ့​မေး​ခွန်း​တခုကို ​ဖြေသွား​သလိုပါပဲ။ ကျ​နော်တို့​က နဂိုကတည်း​က ပြည်သူ လူထု အကျိုး​အတွက် ​ရှေး​ရှုပြီး​တော့​ ကျ​နော်တို့​က အမြဲတမ်း​ညှိ​နေတာပဲ။ အခုလည်း​ပဲ ပြည်သူလူထုအကျိုး​အတွက်ပဲ လုပ်မှာဖြစ်တဲ့​အတွက် ကျ​နော်တို့​ဘက်က​တော့​ အ​ကောင်း​မြင်ပါတယ်။ အ​ကောင်း​ပဲ ​မျှော်လင့်​ပါတယ်။ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​၊​ သာသာယာယာ နည်း​လမ်း​ကိုပဲ ကျ​နော်တို့​က ​မျှော်လင့်​ပါတယ်။ အဖွဲ့ချုပ်အ​နေနဲ့​ သ​ဘောထား​ပေါ့​ဗျာ။ ​ကြေညာချက်လိုဟာမျိုး​ဖြစ်ဖြစ်၊​ ဒါမှ မဟုတ်ရင် စီအီး​စီ (ဗဟိုအလုပ်အမှု​ဆောင်အဲအဖွဲ့​) ​ကြေညာချက်လိုဟာမျိုး​ ဖြစ်သွား​ဖို့​ရှိပါတယ်။”

ဒေါ်​အောင်ဆန်း ​စုကြည်နဲ့​ အစိုး​ရ တာဝန်ရှိပုဂ္ဂိုလ် ဝန်ကြီး​ဦး​အောင်ကြည်တို့​ဟာ ဒီက​နေ့​ ​နေ့​လယ်ပိုင်း​က ရန်ကုန်မြို့​ စိမ်း​လဲကန်သာ ဧည့်​ဂေဟာမှာ​တွေ့​ဆုံခဲ့​ကြပြီး​ ​တွေ့ဆုံမှုနဲ့​ပတ်သက်ပြီး​ နှစ်ဘက်လုံး​က အပြုသ​ဘောရှုမြင်ပြီး​ အား​ရ​ကျေနပ်မှုရှိ​ကြောင်း​ ထုတ်​ဖော်​ပြောကြား​ခဲ့​ပါတယ်။

ဆွေး​နွေး​ ဖြစ်တဲ့​ထဲမှာ ပြည်သူလူထုကိုယ်စိတ်နှစ်ပါး​ ချမ်း​သာ​စေ​ရေး​အတွက် နှစ်ဘက်ပူး​ပေါင်း​ ​ဆောင်ရွက်နိုင်မယ့်​ အခွင့်​အလမ်း​တွေကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အဲ့​ဒီလို​ ဆွေး​နွေး​တဲ့​နေရာမှာ တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ စိတ်ဝမ်း​ကွဲပြား​မှု ပ​ပျောက်​ရေး​နဲ့​ အများ​ပြည်သူ အကျိုး​ဖြစ်ထွန်း​ရေး​ ကိစ္စ​တွေကို အဓိက ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ လက်ရှိအ​ခြေအ​နေမှာ​တော့​ အစိုး​ရသစ်ဟာ ၁၉၉၀ ပြည့်​နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်ကိုတရား​မဝင်​တော့​တဲ့​ နိုင်ငံ​ရေး​ပါတီ တခုအဖြစ် ​ကြေညာသလို အစိုး​ရအာ​ဘော်ထုတ်သတင်း​စာ​တွေက​နေ ၂၀၀၈ ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​အညီ နိုင်ငံ​ရေး​ပါတီထူ​ထောင်ဖို့​ တိုက်တွန်း​ရေး​သား​မှု​တွေ ရှိခဲ့​ပြီး​ အခုလို ​တွေ့​ဆုံခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဒါ့​အပြင် ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​တွေကလည်း​ အာဆီယံ​ဒေသတွင်း​ လုံခြုံမှုအစည်း​အ​ဝေး​မှာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် ခန့်​ထား​ရေး​တွေနဲ့​ပတ်သက်ပြီး​ မြန်မာနိုင်ငံကို နိုင်ငံတကာက စစ်မှန်တဲ့​ပြုပြင်​ပြောင်း​လဲမှု ​တွေလုပ်ဖို့​ တိုက်တွန်း​ခဲ့​ပြီး​တဲ့​နောက်ပိုင်း​ အခုလို တိုက်ဆိုင်စွာနဲ့​ ​တွေ့ဆုံမှုပြုလုပ်ခဲ့​တာဖြစ်ပါတယ်။

ဝန်ကြီး​ဦး​ အောင်ကြည်ကို အရင်​အေး​ချမ်း​သာယာ​ရေး​နှင့်​ဖွံ့ဖြိုး​ရေး​ကောင်စီက ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နိုင်ငံ​ရေး​လုပ်ငန်း​တွေကို ဆက်သွယ်​ဆောင်ရွက်ရန်အတွက် ဆက်ဆံ​ရေး​ဝန်ကြီး​အဖြစ် ၂၀၀၇ စက်တင်ဘာ သံဃာ့​လှုပ်ရှား​မှုအပြီး​ ​အောက်တိုဘာ လဆန်း​ပိုင်း​မှာ စတင်ခန့်​ထား​ခဲ့​ပြီး​ ၉ ကြိမ်တိုင်တိုင် ​တွေ့​ဆုံ​ဆွေး​နွေး​မှုပြုလုပ်ခဲ့​ပါတယ်။

အဲ့​ဒီ​နောက် ဦး​အောင်ကြည်ဟာ အစိုး​ရသစ်ရဲ့​ ပြည်​ထောင်စု အလုပ်သမား​ဝန်ကြီး​ဌာန၊​ လူမှုဝန်ထမ်း​ ကယ်ဆယ်​ရေး​နှင့်​ ပြန်လည်​နေရာချထား​ရေး​ ဝန်ကြီး​ဌာနဝန်ကြီး​အဖြစ် တာဝန်ယူပြီး​ ၁၀ ကြိမ်​မြောက်အဖြစ် ​တွေ့ဆုံမှု ပြန်လည်ပြုလုပ်လာတာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့