Tuesday, July 26, 2011

ရေကြီး​မှု ထပ်မံဖြစ်​ပေါ်ခြင်း​ ရှိမရှိ သုံး​ရက်အတွင်း အဆုံး​အဖြတ်ဖြစ်မည်ဟု ပညာရှင်​ပြော

July 26, 2011
ရွှေအောင်

ဒီက ​နေ့​ကစပြီး​ သုံး​ရက်တာကာလအတွင်း​ ​နောက်ထပ်​ရေကြီး​မှု ဖြစ်​ပေါ်ခြင်း​ ရှိမရှိ အဆုံး​အဖြတ်ပဲလို့​ မိုး​လေဝသပညာရှင်
ဦး​ထွန်း​လွင်က ​ပြောပါတယ်။


“ဒီ​နေ့​က ၂၆ ဆို​တော့​ ၂၈ ​လောက်ထိ မိုး​အား​လေး​တော့​ ​လျော့​တဲ့​အတွက် အထိုက်အ​လျောက်​တော့​ ​ရေ​လေး​ဘာ​လေး​ ပြန်ကျလာနိုင်ပါတယ်။ ဒီရက်ပိုင်း​မှာ၊​ မိုး​က သည်း​သည်း​ထန်ထန် မရှိဘူး​ပေါ့​။ သုံး​ရက်​လောက်က အဆုံး​အဖြတ်ပဲ။ သုံး​ရက်​လောက်မှ ဆက်လက်ပြီး​တော့​ အား​နည်း​နေပြီဆိုရင် ​ရေပြဿနာ​လေး​ တစတစ ​လျော့​နိုင်ပါတယ်။ ​နောက်တ​ခေါက် မုတ်သုန်ပြန်တက်မယ် ဆိုရင်​တော့​ မြန်မာပြည်​အောက်ပိုင်း​မှာ ဖြစ်ဖြစ်၊​ မိုး​ပြန်လိုက်လာမယ်ဆိုရင် ​ရေက စိုး​ရိမ်ရတဲ့​အဆင့်​ ပြန်ရှိဦး​မှာပါ။”

ပြီး​ခဲ့​တဲ့​ ၄၈ နာရီအတွင်း​မှာ​တော့​ မိုး​ရွာသွန်း​မှု​လျော့​နည်း​ခဲ့​ပြီး​ ​ရေကြီး​တဲ့​ ​ဒေသ​တွေလည်း​ ​ရေပြန်ကျ​နေတယ်လို့​ ​ပြောပါတယ်။

ဇူလိုင်လ ပထမပတ်ထဲ မိုး​ကောင်း​ခဲ့​တာ​ကြောင့်​ မိုး​ကြီး​ပြီး​ ​နောက်ဆက်တွဲ ​ရေကြီး​တဲ့​ ဖြစ်စဉ်​တွေ ​ဒေသအ​တော်များ​များ​မှာ ကြုံတွေ့​ခဲ့​ကြရပါတယ်။

ဇွန်လအတွင်း​ မိုး​ကောင်း​ခဲ့​တာ​ကြောင့်​ ​ရေခံ​ကောင်း​ခဲ့​တာကလည်း​ တပိုင်း​ပါတယ်လို့​ သိရပါတယ်။

အခုအထိက​တော့​ ​အေး​ပြီး​ စွတ်စိုတဲ့​ လာနီညာရာသီဥတုဖြစ်စဉ်​ရော၊​ ပူပြင်း​ခြောက်​သွေ့​တဲ့​ အယ်နီညိုဖြစ်စဉ်​ရော မရှိတဲ့​ ကြား​နေနှစ် တနှစ်ဖြစ်​နေပါတယ်။ ပုံမှန်အား​ဖြင့်​ကလည်း​ ဇူလိုင်၊​ ဩဂုတ်လ​တွေက မိုး​ကောင်း​တဲ့​လ​တွေ ဖြစ်ပါတယ်။

ပူပြင်း​ ခြောက်​သွေ့​တဲ့​ အယ်နီညိုရာသီဥတုဖြစ်စဉ်ဖြစ်​ပေါ်ဖို့​ အ​ခြေအ​နေ သိပ်မမြင်ရ​တော့​တာ​ကြောင့်​ ​နောက်ပိုင်း​မှာ ​ရေကြီး​တာကို သတိထား​ရ​တော့​မယ်လို့​ မိုး​လေဝသပညာရှင်က ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့