Wednesday, July 27, 2011

မဲ​ဆောက်-မြဝတီတံတား​ပြန်ဖွင့်​နိုင်​ရေး​ အတိုက်ခံအဖွဲ့ကိုနှိမ်နင်း​ရန် ထိုင်း​ကို မြန်မာ ဖိအား​ပေး

July 26, 2011
နော်နိုရင်း

မဲ ​ဆောက်-မြဝတီတံတား​ ပြန်လည်ဖွင့်​ဖို့​အတွက် ထိုင်း​နိုင်ငံ တာ့​ခရိုင်မှာရှိတဲ့​ အတိုက်အခံအဖွဲ့ အထူး​သဖြင့်​ ​ကေအန်ယူကို နှိမ်နင်း​ပေး​ဖို့​နဲ့​ ဒုက္ခသည်စခန်း​တွေကို ရှင်း​လင်း​ဖို့​ မြန်မာအစိုး​ရက ထိုင်း​ကို​တောင်း​ဆို​ကြောင်း​ တာ့​ခရိုင်ဝန် စံမလွိုင်ဖား​က ​ပြောပါတယ်။

ထိုင်း​ -မြန်မာ အဓိက ကုန်သွယ်​ရေး​လမ်း​ကြောင်း​တခုဖြစ်တဲ့​ မဲ​ဆောက်-မြဝတီ ချစ်ကြည်​ရေး​တံတား​ကို မြန်မာဘက်က ပိတ်ထား​တာ တနှစ်​ကျော်ကြာခဲ့​ပါပြီ။

တံတား​ ပြန်လည်ဖွင့်​လှစ်နိုင်ဖို့​ ထိုင်း​အစိုး​ရဘက်က ကြိုး​စား​နေချိန်မှာ မြန်မာအစိုး​ရက ထိုင်း​နိုင်ငံ တာ့​ခရိုင်ထဲက မြန်မာ အတိုက်အခံ နိုင်ငံ​ရေး​အဖွဲ့တွေနဲ့​ ဒုက္ခသည်စခန်း​တွေကို ရှင်း​လင်း​ပေး​ဖို့​ ​တောင်း​ဆိုတာလာတာဖြစ်ပါတယ်။

မြန်မာအစိုး​ ရက အချက်သုံး​ချက်​တောင်း​ဆိုတယ်လို့​ တာ့​ခရိုင်ဝန် စံမလွိုင်ဖား​က မ​နေ့​ကပြုလုပ်တဲ့​ တပ်ခရိုင်အုပ်ချုပ်​ရေး​အဖွဲ့ရဲ့​ အစည်း​အ​ဝေး​အပြီး​ သတင်း​ထောက်​တွေကို ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။


“မြန်မာဘက်က တာ့​ခရိုင်က​နေတဆင့်​ ​တောင်း​ဆိုလာတာက ထိုင်း​အစိုး​ရဖြစ် ဖြစ်​စေ၊​ တာ့​ခရိုင်ဖြစ်​စေ အချက်သုံး​ချက်ကို ရှင်း​လင်း​အောင်လုပ်​ပေး​ဖို့​တောင်း​ဆိုပါတယ်။ ပထမအချက်က ဒုက္ခသည်စခန်း​ကိစ္စပါ။ မြန်မာအစိုး​ရမြင်တာက ဒုက္ခသည် စခန်း​တွေဟာ လူမျိုး​စု လက်နက်ကိုင်​တွေရဲ့​ ခိုလှုံရာ​နေရာ ဖြစ်တယ်။ စခန်း​တွေက​နေ မြန်မာပြည်ဘက်ပြန်ပြီး​ မြန်မာအစိုး​ရကို ဒုက္ခ​ပေး​နေတာဖြစ် တယ်။ အဲဒါကို ရှင်း​ပေး​ဖို့​။ ဒုတိယအချက်က လွန်ခဲ့​တဲ့​ နှစ်သုံး​နှစ်က ရန်ကုန်မြို့မှာ ဗုံး​ဖောက်ခွဲခဲ့​တဲ့​ သူ​တွေဟာ မဲ​ဆောက်မှာရှိ​နေတယ်လို့​ ဗမာအစိုး​ရက အ​ကြောင်း​ပြတယ်၊​ အဲဒီလူ​တွေကိုဖမ်း​ပေး​ရမယ်။ အချက် ၃ က​တော့​ ​ကေအန်ယူက ​ခေါင်း​ဆောင်​တွေဟာ တပ်ခရိုင် ထဲမှာ​နေတယ်၊​ အထူး​သဖြင့်​ မဲ​ဆောက်မှာ ၁၀ ​ယောက်ထက် မနည်း​ရှိ​နေတယ်။ အဲဒီလူ​တွေကို ဖမ်း​ဆီး​ပေး​ဖို့​ ​တောင်း​ဆိုထား​ပါတယ်။”

တာ့​ ခရိုင်ဝန်ရဲ့​ ​ပြောဆိုချက်နဲ့​ပတ်သက်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သာက​ပေါ်က “ဆက်နွှယ်မှုက​တော့​ ​ကေအန်ယူအ​နေနဲ့​ ဘာမှ ထိုင်း​နယ်​မြေကို အသုံး​ချတာမှ မရှိတာ။ ကိုယ့်​နယ်​မြေထဲကိုယ်​နေ ကိုယ့်​နယ်​မြေထဲကိုယ်လှုပ်ရှား​နေတာ။ ကရင်​တွေ​တော့​ ရှိတယ်။ အဲဒါ​တွေက ထိုင်း​ကကရင်​တွေ၊​ အဲဒါကို ​ကေအန်ယူလို့​ ထင်​နေလား​မသိဘူး​။ နအဖဘက်က၊​ ဦး​သိန်း​စိန် အစိုး​ရဘက်က။ ဒီမှာရှိတာက ထိုင်း​ကရင်​တွေလည်း​ ရှိတယ်။ ​ကေအန်ယူက တခါတ​လေ ​ဆေး​ဝါး​ကုသဖို့​လောက်ပဲ သွား​တာလာတာ ရှိတာ​ပေါ့​။ ဒုက္ခသည်မှာလည်း​ ​ကေအန်ယူဆိုတာ မရှိပါဘူး​။ နအဖရဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေနဲ့​ ​ပြေး​လာတဲ့​လူ​တွေပဲ ရှိတာပဲ။ ဟိုဘက်မှာ ငြိမ်း​ချမ်း​မယ်ဆိုရင်​တော့​ ဒုက္ခသည်​တွေလည်း​ ပြန်မှာပဲ” လို့​ ​ပြောပါတယ်။

ထိုင်း​ နိုင်ငံတွင်း​က ဒုက္ခသည်စခန်း​တွေမှာ လူမျိုး​စုလက်နက်ကိုင်​တွေ ခိုလှုံ​နေတယ်လို့​ မြန်မာဘက်ကစွပ်စွဲပြီး​ ဒုက္ခသည်စခန်း​တွေကို ဖယ်ရှား​ဖို့​ ​တောင်း​ဆိုချက်နဲ့​ပတ်သက်လို့​လည်း​ အခုလို​ပြောပါတယ်။

“ကမ္ဘာ့​ စံချိန်၊​ စံညွှန်း​တွေအရ၊​ ဒုက္ခသည်​တွေ ပြန်ဖို့​ဆိုတာက တဖက်မှာ ပဋိပက္ခမဖြစ်​အောင် ငြိမ်း​ချမ်း​မှု အပြည့်​အဝ ရှိရမယ်။ ဒုက္ခသည်ကလည်း​ ဆန္ဒအရပြန်တာ ဖြစ်ရမယ်။ အခုကိစ္စ​တွေက ဦး​သိန်း​စိန်အစိုး​ရ မတရား​စွပ်စွဲတာ​တွေပဲ ဖြစ်တယ်။ သူတို့​အ​နေနဲ့​ ဒါငဲ့​ညှာပြီး​တော့​ ​ဆောင်ရွက်မှ ဖြစ်မှာ​ပေါ့​။ ဖြစ်သလို ​လျှောက်လုပ်မယ့်​ အစိုး​ရ​တော့​ မဟုတ်ဘူး​ထင်တယ်။ ဒီ ဒုက္ခသည်​တွေကို မတရား​ ​မောင်း​ထုတ်လို့​ မရဘူး​။ ဒီထိုင်း​ဆိုတာက နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​နဲ့​ နိုင်ငံတကာ ဥပ​ဒေကို ​လေး​စား​တဲ့​ နိုင်ငံတခုဖြစ်တယ်။”

မဲ​ ဆောက်-မြဝတီတံတား​မပိတ်ခင်က ဒီလမ်း​ကြောင်း​ကတဆင့်​ လစဉ်ထိုင်း​ကုန် ဘတ်​ငွေ သန်း​ငါး​ထောင်ဖိုး​လောက် မြန်မာ ဘက်တင်ပို့​သလို မြန်မာဘက်က သွင်း​ကုန် ဘတ်သန်း​ နှစ်​ထောင်ဝန်း​ကျင်​လောက် ထိုင်း​ဘက်ကို ပြန်တင်သွင်း​နေတာဖြစ် ပါတယ်။
Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့