Wednesday, July 27, 2011

တွေ့​ဆုံ​နွေး​ဆွေး​ရေး​အ​ပေါ် ပါတီများ​ အမြင်ကွဲပြား

July 26, 2011
နေသွင်

မြန်မာဒီမိုက​ ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံမှုနဲ့​ပတ်သက်လို့​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေက ​မျှော်လင့်​ချက်နဲ့​ အ​ကောင်း​မြင်တာ​တွေ​ရော၊​ သတိနဲ့​စောင့်​ကြည့်​တာ​တွေ​ရော ရှိ​နေပါတယ်။

မြန်မာ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင်​ ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရကိုယ်စား​လှယ် ဦးအောင်ကြည်တို့​ရဲ့​ ​တွေ့​ဆုံမှုဟာ ​နောက်ပြန် ဆုတ်လို့​ မရ​တော့​တဲ့​ အ​ခြေအ​နေဖြစ်ပြီး​ အစိုး​ရဘက်က အရင်လို ဖိအား​တွေ​ရှောင်ဖို့​ ဟန်ပြသ​ဘောမျိုး​လုပ်ဖို့​ မဖြစ်နိုင်​တော့​ဘူး​လို့​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။


“အခုဟာက နှစ်ဖက်စလုံး​က​တော့​ တိုင်း​ပြည်နဲ့​ လူမျိုး​အတွက် အကျိုး​ရှိမယ့်​ ဟာ​တွေအတွက်ကို လမ်း​ဖွင့်​ထား​တယ်။ ဆက်​ဆောင်ရွက်မယ်။ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ လမ်း​ကြောင်း​ကို သွား​မယ်ဆိုပြီး​ အတိအလင်း​ပြောဆိုတဲ့​တော့​ ဒီကိစ္စက ​နောက် ပြန်ဆုတ်လို့​ မရ​တော့​ဘူး​။ ​နောက်ပြန်ဆုတ်ရင်လည်း​ ​ထောက်ပြစရာ အ​ကြောင်း​ရှိတယ်။ လွှတ်​တော်ထဲမှာ ကျ​နော်တို့​ ပါတီ ထဲကလည်း​ ​မေး​မှာ​ပေါ့​။ တိုင်း​ပြည်နဲ့​လူမျိုး​အတွက်ကို ဦး​အောင်ကြည်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​တဲ့​အခါမှာ ပထမဦး​စွာ ​တွေ့​ခဲ့​တယ်။ ဒုတိယအကြိမ် ဆက်​တွေ့​တဲ့​အခါမှာ ဒီ​လောက်ပဲ ​ရှေ့​ဆက်မတိုး​နိုင်ဘူး​ဆိုရင် အစိုး​ရဘက်က ဘာ​ကြောင့်​ မတိုး​ရတာလဲ၊​ ဘယ်အ​ခြေခံ​တွေ​ကြောင့်​ မတိုး​သလဲ။ တိုင်း​ပြည်နဲ့​လူမျိုး​ အကျိုး​ကို မ​ဆောင်ရွက်ချင်ဘူး​လား​။ ​ဆောင်ရွက်ချင်တာလား​။ သိလို ပါတယ်လို့​ ကျ​နော်တို့​ ​မေး​ရမှာ​ပေါ့​။ ကျ​နော်တို့​ ပါး​စပ်​ပေါက်​တွေ တိုး​လာပြီ​လေ။ လွှတ်​တော်ထဲမှာ အား​လုံး​ရှိ​နေတဲ့​ ပါး​စပ်​ပေါက်​တွေ တိုး​လာသလို၊​ နိုင်ငံ​ရေး​ပါတီ​တွေလည်း​ ရှိလာပြီဆို​တော့​ ဒီကိစ္စကြီး​ကို ရပ်ထား​ပြီး​ ဟန်ပြ​လောက် ဖိအား​တွေများ​လာလို့​ ထိန်း​ထား​တယ်ဆိုရင်​တော့​ လုပ်တဲ့​လူ​တွေ မှား​မှာပဲ။ ပြည်သူလူထုရဲ့​ ဆန္ဒက ပါလာပြီ။ ဟိုတုန်း​က ပြည်သူလူထုရဲ့​ ဆန္ဒမပါဘူး​လေ။ တဗိုလ်တမင်း​ အုပ်ချုပ်တဲ့​ခေတ်။ ​ခေတ်ချင်း​က ကွာသွား​ပြီ။”

အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ပါတီရဲ့​ ဥက္ကဋ္ဌ ​ဒေါက်တာ သန်း​ငြိမ်း​ကလည်း​ ​တွေ့​ဆုံး​ဆွေး​နွေး​ရေး​က​နေ ​ရှေ့​မှာ အလား​အလာ ကောင်း​တွေဖြစ်လာမယ်လို့​ ​မျှော်လင့်​နေပါတယ်။

“​တွေ့​ ဆုံတယ်ဆိုတာလည်း​ ​ကောင်း​ပါတယ်။ ​နောက်ပြီး​တော့​ ​တွေ့ဆုံပြီး​တော့​ သူတို့​ နှစ်​ယောက်လုံး​ပြောတဲ့​ စကား​မှာလည်း​ အလား​အလာ သိပ်မဆိုး​ပါဘူး​။ ​ရှေ့​မှာ အလား​အလာ ​ကောင်း​လာတဲ့​ သ​ဘောမျိုး​ မြင်လာရတယ်​လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ အ​ခြေခံနဲ့​ ကြည့်​မယ်ဆိုရင်​တော့​ ဒီလို​ပြောတာဆိုတာ ကျ​နော်တို့​က ကြိုဆိုရမှာ​ပေါ့​။ အား​ပေး​ရမှာ
ပေါ့​။”

မ​နေ့​တုန်း​က တနာရီ​ကျော်ကြာ​တွေ့​ဆုံမှုနဲ့​ပတ်သက်လို့​ ​ဆွေး​နွေး​ပွဲအပြီး​ ပူး​တွဲ​ကြေညာချက်မှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​၊​ စိတ်ဝမ်း​ ကွဲပြား​မူ ပ​ပျောက်​ရေး​၊​ အများ​ပြည်သူ အကျိုး​ဖြစ်ထွန်း​ရေး​အတွက် ​ဆွေး​နွေး​ခဲ့​ကြပြီး​ နှစ်ဖက်စလုံး​က ​ကျေနပ်မှုရှိကြတယ်လို့​ ဆိုထား​ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦး​သု​ဝေက​တော့​ ​ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကိုကြည့်​ပြီး​ အ​ကောင်း​ဘက်ကို ဦး​တည်သွား​မယ်လို့​ ​မျှော်လင့်​ထား​နေပါတယ်။

“နံပါတ်တစ်က​ တော့​ ​တွေ့တာ​ကောင်း​တာ​ပေါ့​။ ​နောက်ပြီး​ ကြား​ရတဲ့​သတင်း​က​တော့​ သူတို့​ဆွေး​နွေး​တဲ့​ ​ခေါင်း​စဉ်သုံး​ရပ်​ပေါ့​။
အဲဒီ​ခေါင်း​စဉ်​တွေကလည်း​ အင်မတန်​ကောင်း​တဲ့​ ​ခေါင်း​စဉ်​တွေပါပဲ။ ဒါ​ပေမယ့်​ ဘယ်​လောက်ထိ​အောင် ​ပြေ​ပြေလည်လည် 
ဆွေး​နွေး​သွား​နိုင်သလဲ ဆိုတာ​တော့​ ကျ​နော်တို့​လည်း​ မသိ​သေး​ဘူး​ပေါ့​။ အဲဒီ​ခေါင်း​စဉ်တွေအရ နှစ်ဖက် နား​လည်မှုရသွားပြီး​ 
ပြေ​ပြေလည်လည် ဖြစ်သွား​မယ်ဆိုရင်​တော့​ အင်မတန်​ကောင်း​တာ​ပေါ့​။”

ရခိုင်တိုင်း​ ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စောသန်း​မြင့်​ က​တော့​ ​ဆွေး​နွေး​ပွဲမှာ ​ကောင်း​တဲ့​ လက္ခဏာ လို့​ ​ပြောပါတယ်။

“မ​နေ့​က​တော့ ​ ​ကောင်း​တဲ့​လက္ခဏာလို့​ သုံး​သပ်တယ်။ အရင်အစိုး​ရ လက်ထက်တုန်း​က ​တွေ့​ခဲ့​တဲ့​ အချိန်တုန်း​က​တော့​ အဆင်မ​ပြေဘူး​လို့​ ကြား​တယ်။ မ​နေ့​က​တော့​ ပူး​တွဲသတင်း​ထုတ်ပြန် ​ကြေညာတယ်။ ပြည်တွင်း​ပြည်ပ သတင်း​ထောက်​တွေလည်း​ ​တွေ့ရ တယ်ဆို​တော့​ ​ကောင်း​တဲ့​လက္ခဏာလို့​ စပြီး​တော့​ မြင်လာတာပါ။”

တချိန်တည်း​ မှာ မြန်မာပြည်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဖမ်း​ဆီး​ထား​တာ၊​ တိုင်း​ရင်း​သား​ဒေသမှာ ​လော​လောဆယ် အစိုး​ရက စစ်ပွဲ​တွေကို ဆင်နွှဲ​နေတာ​တွေကို ​ထောက်ပြပြီး​၊​ ဦး​သိန်း​စိန် အစိုး​ရမှာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ လိုလား​တဲ့​ နိုင်ငံ​ရေး​ဆန္ဒရှိပါ့​မလား​ဆိုတဲ့​အ​ပေါ် သံသယနဲ့​ ​စောင့်​ကြည့်​ နေတာ​တွေလည်း​ ရှိ​နေပါတယ်။

ရခိုင်တိုင်း​ ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့​ ဒုဥက္ကဋ္ဌ ဦး​အုန်း​တင်က ​ဆွေး​နွေး​ပွဲအ​ပေါ် အ​ကောင်း​မြင်သလို၊​ တဘက်မှာလည်း​ ချိန်ဆရမှာ​တွေရှိ​နေတယ်လို့​ ဆိုပါတယ်။

“ကျ​နော်တို့​ က နည်း​နည်း​ချိန်ဆ​နေတဲ့​ သ​ဘောထား​လေး​တွေ ရှိတယ်။ မတ်လ ၃၁ ရက်​နေ့​က သမ္မတကြီး​ ဦး​သိန်း​စိန် ​ပြောသွား​သလို​ပေါ့​။ သူက သူ့​ပါတီ၊​ သူ့​အစိုး​ရအဖွဲ့ လုပ်ရမယ့်​ လုပ်ငန်း​စဉ်၊​ Good Government၊​ Clear Government စသည်ဖြင့်​ ​ပြောသွား​တာ​တွေ ရှိတာ​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒီ​နေ့​အချိန်ထိ ​ပြောရုံ​လောက်နဲ့​ အ​ကောင်အထည် မ​ပေါ်လာတဲ့​အခါကျ​တော့​ ဒါ​တွေက ဘယ်​လောက်ထိ အချိန်ကြာမလည်း​ဆိုတာ​တော့​ ​ပြောလို့​မရ​သေး​ဘူး​။ အလား​တူပဲ အခု​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံတဲ့​နေရာမှာ သူတို့​ရဲ့​ ​ပြောဆိုတဲ့​ စကား​တွေအ​ပေါ်မှာ အား​ရ​ကျေနပ်မှု ရှိပါတယ်။ ဒါ​ပေမယ့်​ ဒီဟာ​တွေကို အ​ကောင်အထည်​ဖော်ရမယ့်​ အချိန်ကာလကို ​စောင့်​ကြည့်​ရမယ် ဖြစ်ပါတယ်။”

ပြည်ပမှာ အ​ခြေစိုက်တဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြောခွင့်​ရသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​က​တော့​ နိုင်ငံတကာကို လှည့်​စား​ဖို့​ လုပ်ရပ် လား​ဆိုတာကို ​စောင့်​ကြည့်​ရမယ်လို့​ အခုလို​ပြောပါတယ်။

“ကျ​နော်တို့​ အမြင်က​တော့​ ​စောင့်​ကြည့်​ဖို့​လို​သေး​တယ်လို့​ ထင်ပါတယ်။ အရင်က အ​တွေ့​အကြုံအရဆိုရင်​တော့​ စစ်အစိုး​ရက သူတို့​လိုချင်တဲ့​ ကိစ္စတခုအတွက် ပြည်တွင်း​မှာ မျက်လှည့်​တွေပြ​လေ့​ရှိပါတယ်။ အရင်တုန်း​ကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်ကြည် ​တွေ့​ဆုံတယ်ဆိုတာက မပြီး​နိုင် မဆုံး​နိုင် ဇာတ်​မျောကြီး​ တခုလို ဖန်တီး​ထား​ပြီး​ ​နောက်က သူတို့​ရဲ့​ ဖွဲ့စည်း​ပုံအ​ခြေခံ ဥပ​ဒေ​တွေတို့​၊​ ​ရွေး​ကောက်ပွဲတို့​ကို အဲဒါ​တွေကို တွန်း​လုပ်သွား​တဲ့​ဟာမျိုး​ ရှိပါတယ်။ အခုလည်း​ အဲဒီလို ရည်မှန်း​ချက်တခုအတွက် ဒီဟာကို သူများ​တွေရဲ့​ အာရုံကို စွဲ​ဆောင်နိုင်​အောင်၊​ အထူး​သဖြင့်​ နိုင်ငံတကာရဲ့​ အာရုံကို စွဲထား​နိုင်​အောင် လုပ်တဲ့​ဟာလား​၊​ ​စောင့်​ကြည့်​ရမယ်လို့​ထင်ပါတယ်။ ​ပြောရမှာ ​စောပါ​သေး​တယ်။ ကျ​နော်တို့​က​တော့​ ဝမ်း​သာမ​စော​စေချင်ဘူး​။ လက်​တွေ့​ထဲကပဲ အ​ဖြေရှာချင်တယ်။”

တနင်္လာ​နေ့​က တနာရီ​ကျော်ကြာ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ပတ်သက်လို့​ ​ဒေါ်​အောင်ဆန်း​ကြည်နဲ့​ ဦး​အောင်ကြည်တို့​က နှစ်ဖက်စလုံး​က ​ကျေနပ်မှုရှိတဲ့​ ပူး​တွဲ​ကြေညာခဲ့​သလို၊​ ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ်ကလည်း​ ဒီ​တွေ့ဆုံမှုက​နေတဆင့်​ အပြန် အလှန်နား​လည်မှု​တွေဖြစ်ထွန်း​ဖို့​ ​မျှော်လင့်​တဲ့​ အ​ကြောင်း​ ​ကြေညာချက် ထုတ်ပြန်ကြိုဆိုထား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့