Thursday, August 11, 2011

အစိုး​ရသစ် ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မည်

August 10, 2011
အံ့ဘုန်းမြတ်

သမ္မတ ဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့က အာဏာလွှဲ​ပြောင်း​ယူပြီး​ ၄ လ ​ကျော်အကြာမှာ ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲကို ​နေပြည်​တော်မှာ ပြုလုပ်ဖို့​ရှိ​နေပါတယ်။

လာမယ့်​ ၁၂ ရက် ​သောကြာ​နေ့​ မနက် ၁၀ နာရီ ​နေပြည်​တော်က ပြန်ကြား​ရေး​ဝန်ကြီး​ဌာနမှာ သတင်း​စာရှင်း​လင်း​ပွဲကို ပြုလုပ်ဖို့​ရှိ​နေတာပါ။

ဒီသတင်း​ စာရှင်း​လင်း​ပွဲကို အစိုး​ရအဖွဲ့သစ်ရဲ့​ ပြန်ကြား​ရေး​အဖွဲ့ခေါင်း​ဆောင် ပြန်ကြား​ရေး​နှင့်​ ယဉ်​ကျေး​မှုဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​အတူ အခြား​ပြည်​ထောင်စုဝန်ကြီး​ ၇ ဦး​လောက်က လုပ်​ဆောင်ချက်​တွေနဲ့​ ပတ်သက်ပြီး​ ရှင်း​လင်း​ပြောကြား​ဖို့​ ရှိ​နေတာလည်း​ ဖြစ်ပါတယ်။

ဒီသတင်း​ စာရှင်း​လင်း​ပွဲကို တက်​ရောက်ဖို့​ စာ​ပေစိစစ်​ရေး​က​နေ ဂျာနယ် တာဝန်ရှိသူ​တွေဆီကို ဒီက​နေ့​ ဆက်သွယ်ပြီး​ ဂျာနယ်တစ်တိုက်ကို သတင်း​ထောက် နှစ်ဦး​နှုန်း​တက်​ရောက်ခွင့်​ရှိ​ကြောင်း​ အ​ကြောင်း​ကြား​ခဲ့​တယ်လို့​ ပြည်တွင်း​က ဂျာနယ် အယ်ဒီတာချုပ်အချို့​က ​ပြောပါတယ်။

ဒီလို အစိုး​ရအဖွဲ့သစ်က ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ဖို့​ စီစဉ်လာတဲ့​အ​ပေါ် သတင်း​ဂျာနယ် တာဝန်ခံအယ်ဒီတာတဦး​က​တော့​ အခုလို သုံး​သပ်ထား​ပါတယ်။

“ဘာပဲ​ပြော​ ပြော တချက်​တော့​ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ပထမဆုံး​ အကြိမ်လည်း​ ဖြစ်​နေတာကို။ ဒီဘက်ပိုင်း​မှာ ထိပ်တိုက်မ​တွေ့​ရ​သေး​ဘူး​။ ​ပြောရမှာ နဲနဲ​တော့​ ​စော​နေ​သေး​တယ်။ အ​ပြောင်း​ အလဲလုပ်မလုပ် တချက်​တော့​ ကြည့်​ရမယ်။ ပြီး​တော့​ လွှတ်​တော်နီး​လာ​တော့​ အသံထွက်သွား​အောင် တမင်လုပ်တဲ့​ သ​ဘော​တော့​ ရှိတယ်။ ဘာလို့​လည်း​ဆို​တော့​ ဒါမျိုး​မလုပ်ခဲ့​ရင် လွှတ်​တော် ကိုယ်စား​လှယ်​တွေစီက တ​ယောက်တစစီ ဆွဲထုတ်လာရင် အသံ​တွေက မျိုး​စုံထွက်လာမှာ မကြိုက်ဘူး​ထင်ပါတယ်။ အဲဒီ​တော့​ ဗဟိုအစိုး​ရရဲ့​ ​ပေါ်လစီကို တခါတည်း​ ထုတ်ပြချင်တဲ့​သ​ဘောလို့​တော့​ ထင်တာပဲ။”

အခြား​ဂျာနယ်အယ်ဒီတာတဦး​ကလည်း​ အရင်သတင်း​စာရှင်း​လင်း​ပွဲ​တွေနဲ့​ နှိုင်း​ယှဉ်ပြီး​ အခုလို သုံး​သပ်ထား​ပါတယ်။

“တ​ လျှောက်လုံး​လုပ်ခဲ့​တာ အစီအစဉ်တကျနဲ့​ ​ကောင်း​ကောင်း​မွန်မွန် လုပ်ခဲ့​တာ ​တွေ့​မှမ​တွေ့​တာပဲ။ ဟိုတုန်း​ကဆို ​မေး​ခွန်း​စာရွက်​တွေကို သူတို့​ကိုယ်တိုင် ​ဝေပြီး​တော့​မှ ဘယ်သူက ဘာ​မေး​ဆိုပြီး​ လုပ်ခဲ့​ဖူး​တယ်။ တက်​တော့​တက်တာ​ပေါ့​။ တကယ့်​သတင်း​စာ ရှင်း​လင်း​ပွဲ ပုံစံက​တော့​ မထွက်ခဲ့​ဘူး​။ အခု​တော့​ ဘယ်လိုလုပ်မလဲ မသိ​သေး​တော့​ ​ပြောရခက်တယ်။ ဘယ်သူ​တွေက တာဝန်ခံ​ဖြေ​ပေး​မယ်။ ဘယ်အ​ကြောင်း​အရာ​တွေကို ​မေး​နိုင်တယ်။ အခုက ဘာတခုမှ မသိရဘူး​။ မသိရ​တော့​ ​ဝေဖန်ရခက်တယ်။ ​နောက် တခု အခုချိန်က ပိုပြီး​ ပွင့်​လင်း​မြင်သာမှု ရှိတဲ့​ပုံစံမျိုး​တော့​ မ​တွေ့​ရ​သေး​ဘူး​။”

အစိုး​ရအဖွဲ့​ သစ်ဟာ လာမယ့်​ ၂၂ ရက်​နေ့​မှာပြုလုပ်မယ့်​ ဒုတိယအကြိမ် လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​ ဖွင့်​ပွဲအခမ်း​အနား​မှာလည်း​ သတင်း​မီဒီယာ​တွေကို ဖိတ်​ခေါ်မှု​တွေရှိ​နေပါတယ်။

အဲ့​ ဒီမှာဆိုရင်လည်း​ ဂျာနယ်တတိုက်ကို ​မေး​ခွန်း​ ၃ ခု ​မေး​မြန်း​ခွင့်​ရရှိကြမှာဖြစ်ပြီး​ အခုအချိန်ကတည်း​က ကြိုတင်ပြီး​ ဒီ​မေး​ခွန်း​တွေကို ​ပေး​ပို့​ကြဖို့​လည်း​ ပန်ကြား​ထား​ပါတယ်။

ဒီအ​ ပေါ်ကိုလည်း​ ပြည်တွင်း​မီဒီယာအချို့​ က​တော့​ ​ဝေဖန်မှု​တွေလည်း​ ရှိ​နေသလို အချို့​က​တော့​ သတင်း​စာရှင်း​လင်း​ပွဲ​တွေ အစိုး​ရသစ်က မလုပ်တာထက် လုပ်လာ တာကို အပြုသ​ဘော​ဆောင်ကြိုဆိုကြတာမျိုး​တွေလည်း​ ရှိကြပါတယ်။

ဒီအ​ခြေအ​နေအ​ ပေါ်မှာ​တော့​ အစိုး​ရအဖွဲ့သစ်အ​နေနဲ့​ အရင် စစ်အုပ်ချုပ်​ရေး​နဲ့​ အုပ်ချုပ်ခဲ့​တဲ့​ အစိုး​ရ​တွေထက် ပိုမိုပြီး​ ဒီမိုက​ရေစီ ဆန်ဆန် ပွင့်​လင်း​မြင်သာမှုရှိရှိ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို လုပ်​ဆောင်လာမယ်ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့