Thursday, August 11, 2011

မန္တ​လေး​ ရန်ကင်း​တောင်​ခြေတွင် ​မြေ​ဈေး​တက်

August 10, 2011
သူရိန်စိုး

မန္တ​လေး​ ပုသိမ်ကြီး​မြို့နယ် ​ရေကြည်​ကျေး​ရွာအုပ်စု ရန်ကင်း​တောင်​ခြေက စိုက်ပျိုး​မြေ​တွေ မူလတန်ဖိုး​ထက် အဆမတန်​ဈေး​မြင့်​နေပြီး​ အ​ရောင်း​အဝယ်​တွေလည်း​ ဖြစ်​နေပါတယ်။


အရင်​ဈေး​ တဧကကို ကျပ်တသိန်း​၊​ တသိန်း​ခွဲ​လောက်ပဲ ရှိခဲ့​ရာက အခု သိန်း​ ၁၅၀ အထက်​ဈေး​ပေါက်​နေပြီး​ ​မြေပြန့်​နေရာပိုကျယ်​လေ ​ဈေး​ပို​ကောင်း​လေလို့​ မန္တ​လေး​ကုန်သည် တဦး​က ​ပြောပါတယ်။

အခုလို အ​ရောင်း​အဝယ်​တွေ ဖြစ်​နေတဲ့​မြေ​တွေမှာ သစ်​မွှေး​၊​ ငှက်​ပျော၊​ ပိ​တောက်၊​ သစ်မာ စတာ​တွေစိုက်ပျိုး​ပြီး​ ​ဒေသခံ ​တောင်သူလယ်သမား​တွေ ပိုင်ဆိုင်ကြတာပါ။

ဒီ​မြေ​တွေကို တရုတ်လူမျိုး​တွေက လာ​ရောက်ဝယ်ယူ​နေ တာဖြစ်ပြီး​ ​နေ့​စဉ်လိုလို ​မြေပုံ​တွေကိုင်ပြီး​ ​မြေလာကြည့်​နေကြတာကို ​တွေ့​နေရတယ်လို့​လည်း​ မန္တ​လေး​ကုန်သည်က ​ပြောပါတယ်။

အ​ရောင်း​အဝယ်ဖြစ်ပြီး​သား​ ​မြေ​တွေ​ပေါ်မှာ ​နေအိမ်၊​ အ​ဆောက်အအုံ​ဆောက်တာမျိုး​၊​ လူ​နေတာမျိုး​တွေ​တော့​ မရှိ​သေး​ပါဘူး​။

ရန်ကင်း​ တောင်က​နေ ​မေမြို့ထိ ကား​လမ်း​ဖောက်မယ်ဆိုတဲ့​ ​ကောလာဟလ​ကြောင့်​ အခုလို ​မြေ​ဈေး​တွေ ထိုး​တက်သွား​တာ ဖြစ်ပြီး​ ​နောင်တချိန်မှာ စည်ကား​ပြီး​ အကွက်ကွင်း​ကောင်း​လာမှာမို့​ အခုကတည်း​က ကြိုတင်ရင်နှီး​မြုပ်နှံထား​တာလို့​ မန္တ​လေး​ကုန်သည်က သုံး​သပ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့