Monday, August 8, 2011

ဘင်္ဂလာရွှေ မြန်မာကို ခိုးသွင်း၍ အဖမ်းခံရ

8/8/2011

မြန်မာနိုင်ငံသို့ ရွှေခိုးသွင်းရန် ကြံစည်သူ အမျိုးသမီး တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးးခံရသူမှာ မောင်တောမြို့မှ မွတ်စလင်အမျိုးသမီး ဆာမီမ အက်ခ်သာ (Shamima Akhter) ဖြစ်သည်။


အဆိုပါ အမျိုးသမီးသည် မြန်မာဘက်သို့ ကူးရန် တက်ကနက် ဆိပ်ကမ်းသို့ ဆင်းလာစဉ် မသင်္ကာ၍ ဘင်္ဂလာနယ်ခြား စောင့်တပ်ဖွဲ့မှ စစ်ဆေးရှာဖွေရာမှ သူမ ခန္ဓာကိုယ်၌ ၀ှက်၍ ယူလာသော ရွှေကျပ်ချိန် (၁၀) ကို ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

ဖမ်းဆီးရမိသော ရွှေများ၏ တန်ဖိုးမှာ တာကာ ၄၅၀၀၀၀ ဖိုးရှိပြီး ကျပ်ငွေနှင့် ဆိုလျှင် ၅၄ သိန်းဖိုး ရှိသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရွှေဈေးကွက်တွင် မြန်မာနိုင်ငံ၌ ရွှေဈေး မြင့်တက်နေသဖြင့် ဘင်္ဂလာဒေခ်ျ့မှ ရွှေများကို မြန်မာသို့ တင်ပို့ ကြသည်။

တက်ကနက်မြို့မှ ရခိုင်ပန်းထိမ် ဆရာ တစ်ဦးက ယနေ့ ဘင်္ဂလာဒေခ်ျ့ ရွှေဈေးကို ယခုကဲ့သို့ပြောသည်။

" ရွှေဈေးက တကျပ်သားကို လေးသောင်း ငါးထောင် တာကာရှိပါတယ်။ မြန်မာကျပ်နဲ့ဆိုရင်တော့ ငါးသိန်း လေးသောင့် ခန့်ရှိပါတယ်။ များများစားစားတော့ ဒီကရွှေတွေကို မြန်မာဘက်ကို ယူကြတာ မဟုတ်ပါဘူး။ လမ်းကြုံရင် ယူသွားကြတာပါ။ နည်းနည်းပါးပါးတော့ မြန်မာဘက်ကို ရောက်ရင် မြတ်တာပေါ့လေ" ဟု ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရွှေအလေးချိန်မှာ အနည်းငယ် ကွားခြားပြီး မြန်ဘက်က တကျပ်သားမှာ ဘင်္ဂလာက ရွှေ တကျပ်ထက် အနည်းငယ်များကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ ၇ ရက်ဗီဇာဖြင့် လွန်ခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ၀င်ရောက် လာသူဖြစ်သည်။ သူမအား သတ်မှတ် ရက်ထက် ကျော်လွန် နေထိုင်ခြင်းနှင့် ရွှေများ ဖမ်းမိရသဖြင့် မှောင်ခိုဂိုဏ်းများနှင့် အဆက်အစပ် ရှိသည်ဟု စွပ်ဆွဲကာ ဖမ်းဆီးထားသည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့