Monday, August 8, 2011

ဒေါ်အောင်ဆန်းစုကြည် နယ်နိုင်ငံရေး ခရီးစဉ် သြဂတ်စ် ၁၄ စတင်မည်

8/8/2011

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေး ခရီးကို ယခုလ ၁၄ ရက်နေ့တွင် ပဲခူးသို့ သွားရောက်ခြင်းဖြင့် စတင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းသည် သြဂတ်စ် ၁၄ ရက်နေ့တွင် ရန်ကုန်မှ ကီလိုမီတာ ၈၀ခန့် ဝေးသည့် ပဲခူးမြို့သို့ သွားရောက်ပြီင်္း သူမ၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း အေအက်ဖ်ပီသို့ ပြောဆိုသည်။


ယခု ခရီးစဉ်သည် သူမ နေအိမ် အကျယ်ချုပ်မှ လွှတ်လာပြီး နောက်ပိုင်း ပထမဆုံး ပြုလုပ်သော ခရီးစဉ် ဖြစ်သည်။

ပဲခူးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်သည် စာကြည့်တိုက် တစ်ခုအား ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းနှင့် လူငယ်များနှင့် တွေ့ဆုံ မည် ဖြစ်သည်။

သူမ၏ ခရီးစဉ်မှာ နေ့ချင်းပြန် ခရီး ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူး ခရီးစဉ်ပြီးနောက် နောက်ထပ် နယ်ခရီးစဉ်များကို ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရသည်။

လွန်ခဲ့သော ဇူလိုင်လ အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သားငယ် ဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံသို့ သွားရောက်လည် ပတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ခရီးစဉ်မှာ နိုင်ငံရေး မပတ်သက်ကြောင်း သိရသည်။

ယခု သူမ၏ ပဲခူး ခရီးစဉ်မှာ နိုင်ငံရေး ခရီးစဉ် ဖြစ်သဖြင့် ဦးသိန်းစိန် အစိုးရမှ မည်သို့တုန့်ပြန်မည်ကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့