Thursday, August 11, 2011

မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ်အစိုး​ရက ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း

August 10, 2011
မင်းလွင်

မွန်ပြည်နယ်အစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင် မွန်ပြည်သစ်ပါတီကို ငြိမ်း​ချမ်း​ရေး​ ကမ်း​လှမ်း​တယ်လို့​ မွန်ပြည်သစ်ပါတီက ​ပြောပါတယ်။

မွန်ပြည်နယ်အစိုး ​ရရဲ့​ ဝန်ကြီး​ချုပ် ဦး​အုန်း​မြင့်​က မွန်တိုင်း​ရင်း​သား​ သံဃာ​တော်​တွေကတဆင့်​ မွန်ပြည်သစ်ပါတီကို ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ခဲ့​တာလို့​ ပါတီအ​ထွေ​ထွေ အတွင်း​ရေး​မှူး​ နိုင်ဟံသာက ​ပြောပါတယ်။


“သူက ပွဲတခုမှာ ဘုန်း​ကြီး​တွေကို​ပြောတယ်။ မွန်ပြည်နယ် ငြိမ်း​ချမ်း​ရေး​နဲ့​ မွန်​ဒေသမှာ ပြည်သူ​တွေ ​အေး​အေး​ဆေး​ဆေး​ ​နေနိုင်ဖို့​ သူတို့​နဲ့​ မွန်ပြည်သစ်ကြား​မှာ နား​လည်မှုရှိကြရင် အား​လုံး​အေး​ချမ်း​နိုင်ပါတယ်။ အဲဒီလို ဖြစ်​စေချင်တာ​ပေါ့​။ ဘုန်း​ကြီး​တွေက​နေ သူ့​ရဲ့​သ​ဘောထား​ကို ကျ​နော်တို့​ကို လာပြီး​တီး​ခေါက်တယ်။ ကျ​နော်တို့​ကို လာ​ပြောပြတယ်။ ကျ​နော်တို့​က အပစ်အခတ်ရပ်စဲ​ရေး​ လုပ်ထား​တာ ၁၅ နှစ်ရှိပြီ။ ဟိုတုန်း​က​တော့​ နဝတ၊​ နအဖ၊​ စစ်အစိုး​ရနဲ့​ပေါ့​။ အခုက ပြည်နယ်အစိုး​ရအ​နေနဲ့​ လာပြီး​တော့​ ဒီလို ကမ်း​လှမ်း​တယ်ဆိုတာ​တော့​ ဖြစ်နိုင်​ခြေမရှိဘူး​။ အပစ်ရပ်ရုံနဲ့​ နိုင်ငံ​ရေး​အရ မ​ဆွေး​နွေး​ဘူး​ဆိုရင် ဒါကလည်း​ အဓိပ္ပာယ် မရှိဘူး​လို့​ ကျ​နော်တို့​ပြောလိုက်တယ်။ ​နောက်ပြီး​တော့​ ​ဒေသတခုတည်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ လုပ်တာသဘာဝ မကျဘူး​။ တပြည်လုံး​အတိုင်း​အတာနဲ့​ လုပ်ပါ။ တပ်​ပေါင်း​စုအ​နေနဲ့​ ​ဆွေး​နွေး​မယ်၊​ အဲဒါ​တော့​ ပြန်​ပြောလိုက်တယ်​လေ။”

မွန်ပြည်သစ်ပါတီဟာ တပါတီတည်း​အ​နေနဲ့​ ​ဆွေး​နွေး​မှာ မဟုတ်ဘဲ ညီညွတ်​သော ဖက်ဒရယ်ပြည်​ထောင်စု​ပေါ်​ပေါက်​ရေး​ ​ကော်မတီအ​နေနဲ့​သာ ​ဆွေး​နွေး​မယ်လို့​ သူက​ပြောပါတယ်။

ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​မှုနဲ့​ပတ်သက်လို့​ တိုင်း​ရင်း​သား​လွှတ်​တော်အမတ် ၂၃ ဦး​ကို ဖိအား​ပေး​ပြီး​ သ​ဘောထား​ထုတ်ပြန်တဲ့​အ​ပေါ်ကိုလည်း​ အခုလို့​ ​ဝေဖန်​ပြောဆိုသွား​ပါတယ်။

“​ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ ၂၈ ရက်​နေ့​ အိတ်ဖွင့်​ပေး​စာ အ​ပေါ်မှာ ကျ​နော်တို့​ဘက်က​တော့​ သ​ဘောထား​ ပြန်ကြား​ပေး​ပြီး​ပြီ။ ဒါ​ပေမယ့်​ သမ္မတ သိန်း​စိန်ဘက်က သူကိုယ်တိုင် မပြန်ကြား​ဘဲနဲ့​ တိုင်း​ရင်း​သား​လွှတ်​တော် အမတ်တချို့​ ၂၃​ယောက်ကို လက်မှတ် ထိုး​ခိုင်း​ပြီး​မှ လုပ်တာ။ ဒါကျ​တော့​ ကျ​နော်တို့​မြင်တာ တွန်း​အား​တမျိုး​မျိုး​ကြောင့်​လို့​ ကျ​နော်တို့​ တွက်တယ်။ အမှန်​တော့​ ဒါက သမ္မတ ဦး​သိန်း​စိန်မှာ တာဝန်ရှိတယ်။ သူ့​အ​နေနဲ့​ တုံ့​ပြန်ရမယ်လို့​ ကျ​နော်တို့​ ခန့်​မှန်း​တယ်။”

အလား​တူ မကြာ​သေး​ခင်ကလည်း​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီရဲ့​ ဝမ်ဟိုင်း​ဌာနချုပ်ကို သံဃာ​တော် နှစ်ပါး​စေလွှတ်ပြီး​ ငြိမ်း​ချမ်း​ရေး​ကိစ္စ စကား​ကမ်း​လှမ်း​ခဲ့​ပါ​သေး​တယ်။

ကချင်ဘက်မှာလည်း​ ကချင်အစိုး​ရနဲ့​ ​ကေအိုင်အိုကြား​ အပစ်ရပ်​ရေး​ကိစ္စ ​ဆွေး​နွေး​နေကြသလို တိုက်ပွဲ​တွေလည်း​ ဆက်ဖြစ်​နေပါတယ်။

မွန်ပြည်သစ်ပါတီဟာ ယခင် မြန်မာစစ်အစိုး​ရနဲ့​ ၁၉၉၅ ခုနှစ်မှာ အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ခဲ့​ပြီး​ နယ်ခြား​စောင့်​တပ်ဖွဲ့အဖြစ် ​ပြောင်း​လဲဖွဲ့ရေး​မှာ သ​ဘောမတူခဲ့​တဲ့​အတွက် ၂၀၁၀ စက်တင်ဘာလ ကတည်း​က မွန်ပြည်နယ်နဲ့​ မြန်မာနိုင်ငံအတွင်း​က ဆက်ဆံ​ရေး​ရုံး​တွေ ပိတ်ပစ်ခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့