Thursday, August 11, 2011

ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆောင်ရွက်မည့်​အဖွဲ့တခု အစိုး​ရက တရား​ဝင် အမိန့်​ထုတ်ပြန်ဖွဲ့ပေး​မည်

August 10, 2011

ဩဂုတ် ၂၂ ရက်​နေ့​မှာ ပြန်လည်ကျင်း​ပမယ့်​ လွှတ်​တော်အတွင်း​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့ (​ကေအိုင်အို) အ​ရေး​နဲ့​ ပတ်သက် လို့​ ​ဆွေး​နွေး​သွား​ဖို့​ရှိ​နေပြီး​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့တွေနဲ့​ အစိုး​ရ အကြား​ ငြိမ်း​ချမ်း​ရေး​ကိစ္စရပ် ​ဆွေး​နွေး​ရေး​အတွက် အဖွဲ့တခု ဖွဲ့စည်း​ဖို့​ ရှိ​နေပါတယ်။

ကချင်ပြည်နယ် တည်ငြိမ်း​အေး​ချမ်း​မှု ညှိနှိုင်း​ရေး​အဖွဲ့နဲ့​ ​ကေအိုင်အို ကိုယ်စား​လှယ်​တွေအကြား​ ဩဂုတ်လ ၂ ရက်​နေ့​က လိုင်ဇာဌာနချုပ်အနီး​ လဂျား​ယန်ရှိ ​ကေအိုင်အို ဆက်ဆံ​ရေး​ရုံး​မှာ ပြုလုပ်တဲ့​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​ပွဲအတွင်း​ ကချင်ပြည်နယ် လုံခြုံရေး​နှင့်​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင်က အခုလို ​ပြောဆိုခဲ့​တာပါ။


“နိုင်ငံ​ တော်ရဲ့​ အမြင့်​ဆုံး​ဖြစ်တဲ့​ လွှတ်​တော်မှာ ​ကေအိုင်အိုအ​ရေး​ကို တင်ပြ​ဆွေး​နွေး​သွား​မယ်။ ဒါလည်း​ ကျ​နော်တို့​ ပြည်နယ်လွှတ်​တော်အဖွဲ့ကော ကျန်တဲ့​အ​နေအထား​ကော အား​လုံး​ ပြင်ဆင်​ဆောင်ရွက်​နေပြီဖြစ်ပါတယ်။ ​နောက်တချက်က ဘယ်လို​ဆောင်ရွက် မလဲ အ​နေအထား​က​တော့​ တလအတွင်း​မှာ နိုင်ငံ​တော်က ငြိမ်း​ချမ်း​ရေး​ဆိုင်ရာ ​ဆွေး​နွေး​နိုင်ဖို့​အတွက် အဖွဲ့အစည်း​တခု တရား​ဝင် အမိန့်​ထုတ်ပြန် ​ကြေညာသွား​ဖို့​၊​ အဲဒီအဖွဲ့မှာ မြစ်ကြီး​နား​မြို့နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​သိန်း​ဇော်အ​နေနဲ့​ ပထမ သို့​မဟုတ် ဒုတိယ ​ခေါင်း​ဆောင်အဖြစ် ပါဝင်​ဆောင်ရွက်မှာ ဖြစ်တယ်။

အစိုး​ရက ဖွဲ့ပေး​မယ့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့မှာ ​ခေါင်း​ဆောင်တ​ယောက်အဖြစ် ပါဝင်မယ့်​ ယခင် ဆက်သွယ်​ရေး​၊​ စာတိုက်၊​ ​ကြေး​နန်း​ဝန်ကြီး​ဟောင်း​လည်း​ ဖြစ်သူ မြစ်ကြီး​နား​မြို့နယ် ပြည်သူ့လွှတ်​တော်အမတ် ဦး​သိန်း​ဇော်ဟာ ကချင်ပြည်နယ် ကြံ့​ဖွံ့ပါတီ တာဝန် ခံလည်း​ ဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​ပိုင်း​ကစလို့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ စဖြစ်ပြီး​ မကြာမီမှာ ဦး​သိန်း​ဇော်က အပစ်ရပ်​ရေး​ ကမ်း​လှမ်း​မှု​တွေ လုပ်ခဲ့​ဖူး​ပြီး​ သမ္မတဦး​သိန်း​စိန်ရဲ့​ ခွင့်​ပြုချက်အရ ကချင်ပြည်နယ် တည်ငြိမ်း​အေး​ချမ်း​မှု ညှိနှိုင်း​ရေး​အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ညွှန်ကြား​နေသူလို့​ အများ​က ယူဆ​နေကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့