Thursday, August 11, 2011

Google+ မှာ အမည်ဝှက်ကို အသုံးပြု ဆန္ဒပြမည့်သူများ

10 August 2011
သုခသခင်

Google+ ကို အသုံးပြုသူတွေဟာ " နာမည်ရင်းကိုသာ သုံးပါ မူဝါဒ"(real-names-only-policy) ကို လိုက်နာကြရပါတယ်။ အဲဒီမူဝါဒဟာ ကမ္ဘာတလွှားမှ ဆန္ဒပြလှုပ်ရှားနေသူတွေအကြား လူမှုကွန်ယက်ရဲ့ ရေပန်းစားမှုနဲ့ အားကိုးအားထားပြုနိုင်မှုကို အတိုင်းအတာ တစ်ခုအထိ စိတ်အားလျော့မှု ဖြစ်စေပါတယ်။

လူမှုကွန်ယက်တွေဟာ တော်လှန်ရေး မငြိမ်သက်မှုတွေနဲ့အတူ ရေပန်းစားလာပါတယ်။ ဖေ့ဘွတ်ဟာ အီဂျစ်အစိုးရကို ဖြုတ်ချ ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်အသုံးတော်ခံခဲ့ပါတယ် ။ အီဂျစ်မှာ ဆန္ဒပြတဲ့သူတွေဟာ ဖေ့ဘွတ်ကို အသုံးပြုပြီး တော့ အတွင်းအပြင် အချိတ်အဆက်ရှိရှိ ဆက်သွယ်စုရုံး ခဲ့ပါတယ်။


ဆီရီးယားမှ တော်လှန်သူတွေကလည်း ယူကျု့ (Youtube) ကို အသုံးပြုပြီး အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တွေကို ကမ္ဘာအနှံ့ ဖွင့်ချပြနိုင်ခဲ့ပါတယ် ။ အခု လန်ဒန်မှာလည်း ဆန္ဒပြသူတွေဟာ ဘရက်ဘယ်ရီ မက်ဆေ့ခ်ျ တွေကို အသုံးပြုပြီး စုရုံး ကြပါတယ်။

ဒါဖြင့် ဘာကြောင့် Google+ ကို မသုံးကြတာလဲ။ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါ။

ဒီအထဲကတစ်ခုကတော့ Google+ အသုံးပြုသူတွေဟာ သူတို့ရဲ့ နာမည်အရင်းတွေကိုသာ အသုံးပြုရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Google+ က မိမိနာမည် အပြည့်အစုံကို ထည့်ရေးဖို့လည်း တိုက်တွန်းထားပါတယ်။

နာမည်ကို ရေးသွင်းရာမှာလည်း ဘာသာစကားတစ်မျိုးတည်းကိုသာ အသုံးပြုရမယ့်အပြင် ဒေါက်တာ၊ ပရော်ဖက်ဆာ စတဲ့ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ အသက်မွေးမှုနဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေလည်း ပါဝင်ရေးသားလို့ မရပါဘူး။ ပုံမှန်မဟုတ်တဲ့ အက္ခရာ စာလုံးတွေကိုလည်း ထည့်သွင်းလို့ မရပါဘူး။

Google+ က နာမည်ပြောင်တွေကို ရေးခွင့်မပြုတဲ့အပြင်၊ အမည်ဝှက်တွေကို အသုံးပြုခဲ့မယ်ဆိုရင် သူတို့ရဲ့အကောင့်တွေဟာ ပယ်ချက်ခံရပါလိမ့်မယ်။ မိမိတို့ရဲ့နာမည်ကို ပြောင်းချင်တယ်ဆိုရင်လည်း အသစ်လျှောက်ထားပြီး အနည်းဆုံး တစ်လကြာမှ ပြောင်းလို့ ရပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုလည်း ဖန်တီးလို့ရတဲ့ ဖွဲ့စည်းပုံ မပါပါဘူး။

ဒါတွေဟာ Google+ အသုံးပြုသူတွေကို အတင်းအကျပ် ပြုလုပ်ရာရောက်သလို ဆန္ဒပြလှုပ်ရှားသူတွေ၊ နှိပ်စက်ညှဉ်းပန်းခံရမှုမှ လွတ်မြောက်လာသူတွေအတွက် ဒုက္ခရောက်စေပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေရဲ့ လက်အောက်မှ တက်ကြွလှုပ်ရှား သူ တွေဟာ ဒီ Google+ မူဝါဒကြောင့် အဆင့်အလျှော့ခံရသလိုဖြစ်ကာ ဆန္ဒမပြဘဲ ဘေးထွက်ထိုင်နေရဖို့ များပါတယ်။

ဒါပေမဲ့ အာ:လုံး အဆိုးကြီးတော့ မဟုတ်ပါဘူး ။ Google+ မှာ တက်ကြွလှုပ်ရှားသူတွေအတွက် အရမ်းကို အသုံးဝင်တဲ့ သွင်ပြင် လက္ခဏာတွေ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ ဒီဆိုဒ်ကို အသုံးပြုသူတွေဟာ မိမိတို့ရဲ့ သတင်းအချက် အလက် တွေကို အကန့်အသန့်နဲ့ အစုလိုက် အဖွဲ့လိုက် အကန့်လိုက် စက်ဝိုင်းသေးသေးလေးတွေလို အများကြီး ဆက်သွယ်ဝေငှလို့ ရခြင်းပဲ ဖြစ်ပါတယ်။

ဒီဂူးဂဲလ်စက်ဝိုင်းဟာ အသိပညာတွေဗဟုသုတတွေကို စုစည်းဖို့ အတွက် ကောင်းမွန်သလို ပုံမှန်ဘ၀အတွင်း ကိုယ့်ရဲ့ ထိတွေ့ ဆက်ဆံသူတွေကို အုပ်စုလိုက် ခွဲပြီးထားလို့ ရတဲ့အတွက် သုံးစွဲသူတွေအတွက် အဆင်ပြေပါလိမ့်မယ်။

မိမိရဲ့ လက်တွဲဖော်၊ မိသားစု နဲ့ ထိတွေ့ဆက်ဆံတဲ့ အသေးဆုံးစက်ဝိုင်းလေးကစပြီး ရင်းနှီးတဲ့သူငယ်ချင်း၊ စိတ်တူကိုယ်တူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြည်သူလူထု စတဲ့ အလွန်ကြီးမားတဲ့ စက်ဝိုင်းအစုတွေအထိ ဖွဲ့စည်းလို့ရပါတယ်။ ဒီအချက်ကတော့ ဖေ့စ်ဘွတ်ထက် အားသာတယ်လို့ ပြောလို့ရတဲ့ အချက်တစ်ခုပါ။

နောက်အချက်တစ်ခုကတော့ သတင်းအချက်လွတ်လပ်ခွင့်နဲ့ ဒီသတင်းအချက်အလက်တွေကို ဒီလူမှုရေးကွန်ယက်ကို အသုံးပြုပြီး လွယ်ကူစွာဝေမျှနိုင်ခြင်းဟာ Google+ ကို သုံးစွဲသူတွေအတွက် နှစ်သက်စွဲလန်းစေတဲ့ အကြောင်းအရာဖြစ်သလိုတက်ကြွ လှုပ်ရှား သူတွေကိုလည်း သုံးစွဲချင်စိတ် ဖြစ်လာအောင် တိုက်တွန်းနေပါတယ်။

လူမှုရေးကွန်ယက်တိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာပါပဲ ။ ဖေ့ဘွတ်မှာလည်း မိမိရဲ့ ကိုယ်ရေးကိုယ်တာတွေကို အပြည့် အ၀ လုံခြုံမှုအတွက် အာမခံချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေဟာ ခေတ်ရေစီးကြောင်းအရ အသုံးပြုနေကြရပါတယ်။

တစ်ချို့ကဆို ဖေ့ဘွတ်ကို မရှိမဖြစ်နတ်ဆိုး ဆိုပြီးခေါ်ကြပါတယ်။ ဒါဟာ အွန်လိုင်းယဉ်ကျေးမှုတစ်ခု ဖြစ်နေပါပြီ။ နာမည်ဝှက်နဲ့ Google+ ကို သုံးချင်သူတွေ၊ လူမှုကွန်ယက်အသစ်နဲ့ ဆန္ဒပြဖို့ လူစုချင်သူတွေ အတွက်လည်း မျှော်လင့်ချက်ကတော့ ရှိပါ သေး တယ်။ ဘာလို့လဲဆိုတော့ ဂူးဂဲလ်က သူတို့ရဲ့ မူဝါဒကို ပြောင်းလဲဖို့ အလားအလာတွေ ရှိနေလို့ပါပဲ။

Ref: မောက္ခ

0 comments:

အပေါ်သို့