Monday, November 12, 2012

ဘင်္ဂလားဒေ့ရှ်မှ အမှာ မရှိဖြစ်နေသည့် ရခိုင်နှံစားပြောင်းဈေးကွက်

အာရကန်ကိုကို ရခိုင်ပြည်နယ် (မြစ်မခ)
12 Nov, 2012

ရခိုင်ဒေသတွက် နှံစားပြောင်းများအား မောင်တောနယ်စပ်ဈေးကွက်၌ ဘင်္ဂလားဒေ့ရှ်မှ ၀ယ်လိုအားကျ ဆင်းမှုနှင့် အတူ ဈေးနူန်း များပါ ကျဆင်းလျက်ရှိကြောင်း နှံစားပြောင်းကုန်သည်များထံက သိရှိသည်။

ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ နှံစားပြောင်း ၀ယ်လိုအား ပမာဏကျဆင်းနေခြင်းနှင့် အတူ နှမ်းဆီ မုန့် ညင်း၊ မြေပဲ အစရှိသော သီးထွက်သီးနှံများလည်း ၀ယ်လိုအားကျဆင်းနေကြောင်း သိရှိရသည်။

"ပုံမှန်တင်ပို့နေကျ ဘင်္ဂလားဒေ့ရှ်ဈေးကွက်မှာ ဒီနှစ်နှံစားပြောင်းပေါ်ချိန် အောက်တိုဘာလ အလယ် ပိုင်းလောက်မှာ ဒီနေ့အချိန် အထိ ၀ယ်လိုအား လုံးဝမရှိသလောက်ဖြစ်နေသေးတယ်။ ဒီလိုဝယ်လိုအား ကျဆင်းပြီးတော့ ဒေသတွင်းမှာ တစ်အိတ်ကို ကျပ် (၈)ထောင်နဲ့ပဲ အရောင်းအ၀ယ်လုပ်နေရတယ်"ဟု မောင်တောနယ်စပ် အခြေစိုက် နှံစားပြောင်းကုန်သည် ဦးနီထွန်းဦးက ပြောသည်။

ဒေသထွက် နှံစားပြောင်းများသည် ၂၀၁၁ခုနှစ်တွင် တစ်အိတ်လျှင် ကျပ် (၁၄၀၀၀)၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၂ခုနှစ် လက်ရှိဈေးကွက်တွင် တစ်အိတ်လျှင် ကျပ်(၈၀၀၀)၀န်းကျင်ဖြင့်သာ အရောင်းအ၀ယ်ပြုလုပ်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဈေးကွက်မှ ၀ယ်ယူမူများကြောင့် ရခိုင်ဒေသတွင်း သဘာဝတောတောင်များ၌ နှံစား ပြောင်းကို စိုက်ဧကကျယ် ၀န်းစွာ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်ဘင်္ဂလာဒေ့ရှ် ဈေးကွက်သို့ အိတ်ရေ ပမာဏအများအစား တင်ပို့ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ဘင်္ဂလာဒေ့ရှ်ဈေးကွက်မှ ဈေးနူန်းသက်မှတ်ကာ မှာယူမူမရှိသေးကြောင်း ကုန်သည်ကြီးများ ထံသို့လည်း ဈေးကွက်အနေ အထားများအရ မှာယူမူမရှိသေးကြောင်းကိုလည်း သိရှိရသည်။

"နှံစားပြောင်းမှည့်ချိန် အောက်တိုဘာလဆန်းပိုင်းလောက်ကစပြီး ဘင်္ဂလာဒေ့ရှ်ဈေးကွက်က အိတ်ရေ ဘယ်လောက် ဘယ်ဈေး နူန်းနဲ့ ၀ယ်မယ်ဆိုပြီး ကြိုတင် အမှာစာတွေ ရောက်ပါတယ်။ ဒီနှစ်တော့ အခု အချိန်အထိ ဘာအမှာစာမှ မလာသေးဘူး။ အရောင်းအ၀ယ်လဲမဖြစ်ဘူး"ဟု စစ်တွေမြို့ခံ နှံစား ပြောင်း ကုန်သည်ကြီးတစ်ဦးက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့