Tuesday, November 13, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ်ကို ထုတ်ပြန်

12 November 2012

အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့ အထိ အန္ဒိယ နိုင်ငံကို သွားရောက် လည်ပတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ (၁၂) ရက်နေ့မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တဆင့် ထိုင်းနိုင်ငံကို ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ (၁၃) ရက်နေ့တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိမည် ဖြစ်ပါသည်။

နိုဝင်ဘာ (၁၄) ရက်နေ့၌ အိန္ဒိယ ၀န်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း နေရူး၏ အောက်မေ့ဖွယ် အခမ်း အနား၌လည်း အမှတ် တရ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့နောက် နိုဝင်ဘာ (၁၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ဒုသမ္မတနှင့် တွေ့ဆုံရန် ရှိပြီး၊ အန္ဒိယ ပါလီမန်သို့ လည်း အလည် သွားရောက်ပြီး ပါလီမန် ဥက္ကဌနှင့် ဆက်လက် တွေ့ဆုံ မည်ဖြစ်သည်။

နိုဝင်ဘာ (၁၆) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် ပညာ တက်ရောက် သင်ကြား ခဲ့ဖူးသည့် Lady Shri Ram College သို့ သွားရောက်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ယင်းကောလိပ် မှ ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေး ဘာသာရပ်ဖြင့် ဘွဲ့တစ်ခု ရရှိခဲ့ဖူး သည်ဟု အန္ဒိယ နိုင်ငံထုတ် သတင်း တစ်ရပ်တွင် ဖော်ပြ ထားပါသည်။

နိုဝင်ဘာ (၁၆) ရက်နေ့ ၌ပင် Bengaluru ရှိ မြန်မာ အသိုင်းအ၀ိုင်း များနှင့် ဆက်လက် တွေ့ဆုံမည် ဖြစ်သည်။ ဆက် လက်၍ နိုဝင်ဘာ (၁၇) ရက်နေ့တွင် Indian Institute of Science and The Infosys Campus သို့ သွားရောက် လည်ပတ်မည်။ ၄င်းနောက် Andhra Pradesh ရှိ Rural Development Projects နှင့် Women’s Empowerment Programmes ကို လေ့လာဖွယ် ရှိပါသည်။ ၄င်းနောက် အန္ဒိယနိုင်ငံမှတ ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်လာမည်ဖြစ်ပြီး နိုဝင်ဘာ (၁၈) နံနက်ပိုင်း၌ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

ယခု ဒေါ်အောင်ဆန်း စုကြည်၏ အန္ဒိယ နိုင်ငံသို့ အလည် အပတ် ခရီးစဉ်သည် “အန္ဒိယ-မြန်မာ ဆက်ဆံရေး အခန်း ကဏ္ဍ အတွက် အပေါင်း လက္ခဏာ ဆောင်သည့် အထိမ်းအမှတ် တစ်ခုဖြစ်သည်” ဟုလည်း http://www.firstpost. com/ အင်တာနက် စာမျက်နှာ၌ ဖေါ်ပြ ထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်ပိုင်း သူ၏ ပထမဦးဆုံး အကြိမ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်လည်းဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ အန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh မှ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့