Monday, November 12, 2012

မြန်မာစစ်တပ် ၁၃၀တပ်ရင်းမှ ခွင့်ပြန် TNLAရဲဘော်ကို မသေမချင်းရိုက်နှက်သတ်ပစ်

11 November 2012

မန်တုံအခြေစိုက် မြန်မာစစ်တပ် ၁၃၀ တပ်ရင်းသည် ၁၀ နေ့ ညနေပိုင်းတွင် ခွင့်ပြန် TNLA တပ်ကြပ် အယိုင် အောင်ကို မန်မောက်ရွာတွင် မသေမချင်းရိုက်နှက်သတ်ပစ်လိုက်ပါသည်။

တပ်ကြပ်အယိုင်အောင်သည် သူ၏ မိသားစုဝင်တစ်ဦး အပျင်းဖျားနေသဖြင့် သက်ဆိုင်ရာအရာရှိထံမှ ခွင့်ယူ အိမ်ပြန်ရာ ဇာတိရွာ မန်မောက်တန်တေးရွာ မရောက်မီ ပန်ကူရွာတွင် အဖမ်းဆီးခံလိုက်ရသည်။

ဖမ်းဆီးပြီးနောက်ပိုင်း ၄င်းကို ကြိုးနှင့်တုပ်နှောင်ကာ စစ်ကျောမေးမြန်းခဲ့သည်၊ စစ်ကျောရာတွင် ပလောင်စစ်တပ်နဲ့ပါတ်သတ်ပြီး အယိုင်အောင်မှတစ်စုံတရာဝန်ခံပြောဆိုခြင်းမရှိ သူ့ကို ဇာတိရွာ မန်မောက်တွင် ဖမ်းဆီးသွာကာ သတ်ပစ်လိုက်သည်။

'' အယိုင်အောင် ကို သူတို့ ပန်ကူမှာ ဖမ်းလိုက်တာ အဲဒီမှာဖမ်းပြီး သူ့ကို ပလောင်စစ်တပ်တွေ တွေ့လား သူတို့ဘယ်မှာရှိလဲ သူတို့စခန်းကို လိုက်ပို့ဆိုပြီး ရိုက်နှက်စစ်ဆေးရာမှာ အယိုင်အောင်က သူမသိကြောင်း သူက ဒီရွာက မဟုတ်ဖူး မန်မောက် ရွာသားပါလို့ပြောတော့ သူ့ကို မန်မောက်ခေါ်လာတာ''

''ကျတော်တို့ ရွာကို ရောက်တော့ အယိုင်အောင် ခန္ဒာကိုယ်တစ်ခုလုံးမှာ သွေးသံရဲရဲကြီးဖြစ်နေပြီ ဒါနဲ့ပဲ ၁၃၀ က ရိုက် လိုက်မေးလိုက် သူကလည်း သူမသိကြောင်း ဘူးခံနေတော့ ညနေပိုင်းမှာ သူ့ကို ရွာရဲ့တော့စပ်မှာပဲ ခေါ်သွားပြီး မသေမ ချင်းရိုက်နှက်သတ်ပစ်လိုက်တယ်''လို့ သေဆုံးသူ အယိုင်အောင်ရဲ့ မိတ်ဆွေတစ်ဦးမှ ဆိုသည်။

အယိုင်အောင် ရဲ့အလောင်းကိုမူ အစိုးရစစ်သားတွေက သတ်ပစ်ပြီး တောထဲမှာပဲ ပစ်ထားခဲ့ကြောင်း ယခုအခါ တွင် သူရဲ့ ဆွေးမျိုးအသိုင်းဝိုင်းတွေက မြေမြှုပ်လိုက်ပြီးဖြစ်ကြောင်းသိရသည်။

ခွင့်ပြန်တပ်သားတစ်ဦး ဤကဲသို့ ရိုက်နှက်သတ်ပစ်ခြင်း နိုင်ငံတကာစစ်ရေးစစ်ရာဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်းကို ထင်းထင်း လင်း လင်းချိုးဖောက်ခြင်းဖြစ်သည်။ နိုင်ဝင်ဘာ ပထပါတ်တွင်လည်း နမ့်ဆန်နယ်တွင် TNLAနှင့် ဆပ်စပ်မှုရှိသည်ဟု ၄င်းတို့ဘက်မှ မင်္သကာသူ ပန်စရီရွာသား ဦးအိုက်ဆိုင်ကိုလည်း သေနာတ်ဖြင့် ပစ်သတ်ခဲ့သည်။

Ref: တအောင်းမြေ

0 comments:

အပေါ်သို့