Friday, November 16, 2012

အိုဘားမားခရီးစဉ် မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး

2012-11-15

အမေရိကန်သမ္မတ အိုဘားမား ရဲ့ နိုဝင်ဘာ ၁၉ ရက် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှာဖြစ်တယ်လို့ အစိုးရပိုင်းကပြောပါတယ်။

ကြာသပတေးနေ့ထုတ် သတင်းစာတွေမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့သတင်း ပါလာပါလိမ့်မယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

အမည်မဖေါ်လိုသူ အစိုးရအရာရှိတစ်ဦးကတော့ အကျဉ်းသားဦးရေ ၄၅၀ ပြန်လွှတ်မယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အရေအတွက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါမယ်ဆိုတာ မသိရသေးပါဘူး။

အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) AAPP ရဲ့ အောက်တိုဘာလကုန်ပိုင်း စာရင်းအရ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ ၂၈၃ ယောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့