Monday, November 12, 2012

အင်္ဂလန်GCE’A’ အဆင့် စာမေးပွဲအချိန်နှင့် ပြန်လည်ဖြေဆိုခွင့်အား ပြင်ဆင်ကန့်သတ်

မြစ်မခ
12 Nov, 2012

အင်္ဂလန်တွင် GCE’A’ အဆင့်ဖြေဆိုလိုသူများအတွက် စာမေးပွဲအချိန်ဇယားနှင့် ပြန်လည်ဖြေဆိုခွင့်ကို ပြင်ဆင်ကန့်သတ် လိုက်ပြီဖြစ်ကြောင်း Ofqual ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရသည်။

အင်္ဂလန်နိုင်ငံ၏ စာမေးပွဲကြီးကြပ်ရေးအဖွဲအစည်းတစ်ခုဖြစ်သည့် Ofqual (Office of Qualifications and Examinations Regulation) မှ အင်္ဂလန်ရှိ GCE’A’ စာမေးပွဲများကို ယခင် နှစ်ကြိမ်ကျင်းပရာမှ နွေရာသီ တစ်ခု တည်းတွင် ကျင်းပရန်နှင့် ပြန်လည် ဖြေဆိုခွင့်များကိုလည်း ကန့်သတ်တော့မည် ဖြစ် ကြောင်း CROWN Educationမှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက Ofqual၏ တရားဝင် ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်၊၊

“အခုအပြောင်းအလဲက မြန်မာနိုင်ငံက ဖြေဆိုသူတွေအတွက်တော့ သက်ရောက်မှုတော့ မရှိသေး ပါဘူး၊၊ အင်္ဂလန်မှာ ကျောင်း တက်ပြီး ဖြေ ဆိုမယ့်သူတွေအတွက် ဖြစ်ပါတယ်၊၊ အခု နောက်ပိုင်း ကျောင်းသားတွေအနေနဲ့ University Foundation ပရိုဂရပ်တွေကတဆင့် တက္ကသိုလ်တွေကို တိုက်ရိုက်လျောက်ထားတက်ရောက်နိုင်ပြီဖြစ်တဲ့အတွက်၊ A- Level ဖြေဆိုတော့မယ် ဆိုရင် ၊ ကိုယ့်ရဲ့  (၁၀)တန်းအမှတ် ဒါမှမဟုတ် iGCSE အမှတ်၊ ကိုယ်ပညာသင်ယူလိုတဲ့ ပညာရေး လမ်းကြောင်း၊ တက်ရောက်လိုတဲ့ တက္ကသိုလ်၊ဘာသာရပ် စတာတွေကို စနစ်တကျလေ့လာ ဆုံးဖြတ်ပြီးမှ A-Level တက်သင့် မတက်သင့် ဆုံးဖြတ်သင့်တယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြော ကြားသည်၊၊

လက်ရှိတွင် A Levels ကို ပထမနှစ်တွင် AS-levels နှင့် ဒုတိယနှစ်တွင် A2s ဘာသာရပ်များအား ဇန်န၀ါရီနှင့် ဇွန်လများတွင် ဖြေဆိုလေ့ရှိကြောင်း သိရသည်၊၊

Ofqual ၏ ထုတ်ပြန်ချက်များအရ အင်္ဂလန်နိုင်ငံမှာ ဖြေဆိုရမည့် GCE’A’ စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူတွေ အနေဖြင့် စက်တင်ဘာ ၂၀၁၃ ခုနှစ်ကစတင်၍ Januaryတွင် ဖြေဆို ခွင့်ရရှိတော့မည် မဟုတ်ပဲ၊ ပြန်လည် ဖြေဆိုခွင့် (resit)များ ကို ပါ ကန့်သတ်သွားမည်ဖြစ်သည်။

လာမည့် စက်တင်ဘာလမှစတင်၍ ကျောင်းသားများအနေဖြင့် အင်္ဂလန်တွင် AS နှင့် A စာမေးပွဲကို Summer တွင်သာ ဖြေနိုင်တော့မည့်ဖြစ်သည့်အပြင် A Level နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှု့ တစ်ချို့အား ပြုလုပ်သွားမည်ဖြစ်ပြီး အသေး စိတ်အချက်အလက်များကို ထပ်မံကြေငြာမည်ဖြစ်ကြောင်း သိရသည်၊၊

Chief Regulator တစ်ဦးဖြစ်သည့် Glenys Stacey ကလည်း စာမေးပွဲနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ဒီနှစ်အစပိုင်းထဲက ကျွန်တော်တို့ A Level ကိုပြုပြင်ပြောင်းလဲဖို့ အဆိုပြုထားခဲ့တာပါ၊၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ခဲ့တဲ့ ရလဒ်တွေ၊ သဘောထားမှတ်ချက်တွေကလည်း ဇန်န၀ါရီ စာမေးပွဲကို ဖယ်ရှားပစ်ဖို့ အားလုံးထောက်ခံကြတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့ တာပါ၊၊” Glenys Stacey က ပြောကြားခဲ့ခြင်းဖြစ်သည်၊၊

စာမေးပွဲကြီးကြပ်ရေးအဖွဲ မှ A Level စာမေးပွဲနှင့်ပတ်သက်၍ သုတေသနများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါရလဒ်များက A Level သည် အဆင့်မြင့်ပညာရေးအတွက် များစွာအထောက်အကူပြုသော အရည်အချင်းများရှိသော်လည်း ပိုမိုတိုးတက်ကောင်း မွန်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ် သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ဖြေဆိုခွင့်နှင့် ပတ်သက်သည့် တင်းကျပ်မည့် အစီအစဉ်များ အပေါ် ဆရာ၊ဆရာမများ၊ အလုပ်ရှင်များနှင့် တက္ကသိုလ်အချို့က စိုးရိမ်မှု့ပမ်မှုများရှိကြောင်းကိုလည်း ပညာရေး အသိုင်းအ၀ိုင်းက သိရသည်။

အဓိကပြုလုပ်သွားမည့် ပြုပြင်ပြောင်းလဲမှုများမှာ အဆင့်မြင့်ပညာရေးအပိုင်းမှ A-Level ပြုပြင်ပြောင်း လဲမှုနှင့် ပတ်သက်၍ ပါဝင်လာမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများ ပထမနှစ်နှင့် ဒုတိယနှစ်အပြီး တွင် ကျောင်းသားများ၏ အရည်အချင်းကို အကဲဖြတ်ရန်၊ ဇန်န၀ါရီစာမေးပွဲကို ဖျက်သိမ်းပြီး၊ စာမေးပွဲ ထပ်မံဖြေဆိုခွင့်နှင့် ပတ်သက်၍ လျှော့ချသွားရန်၊ A Level စာမေး ပွဲများတွင် ကျောင်သားများ၏ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ ပုံစံများ တိုးမြှင့်ပြုလုပ်သွားရန်၊၊ ကျောင်းတွင်း စစ်ဆေးအမှတ်ပေးခြင်းများ လျှော့ချသွားရန်စသည့်အချက်များ ပါဝင်သည်၊၊

Ref: မြစ်မခ

0 comments:

အပေါ်သို့