Tuesday, November 13, 2012

တကျော့ပြန် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း နိုင်ငံတကာအစ္စလာမ်အသင်းများသွေးထိုးလှုံ့ဆော်မှုရှိ

မင်းသွီး
12 November 2012

အောက်တိုဘာလအတွင်း တကျော့ပြန်လည်ဖြစ်ပေါ်လာသော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ အတွင်းက အစ္စလာမ်ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ရခိုင်အမျိုးသားဒီမို ကရေစီအဖွဲ့ချူပ်(ALD) ဥက္ကဌ ဦးအေးသာအောင်က သုံးသပ်ပြောဆိုလိုက်သည်။

ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းအပြီး အစ္စလာမ်နိုင်ငံများအသင်း(OIC) မြန်မာနိုင်ငံအတွင်း ရုံးစိုက် လာမည်ကို ပြည်သူလူထုနဲ့ ရဟန်းသင်္ဃာများ ကန့်ကွက်ခဲ့ကြရာ မြန်မာအစိုးရမှလည်း OIC ရုံးဖွင့်လှစ်ခွင့်ကို ပိတ်ပင်လိုက်ပြီး နောက်ပိုင်း ဖြစ်ပေါ်လာရသော ပဋိပက္ခဖြစ်သည်။

"ဒီတကျော့ပြန် ပြဿနာက OICကိုလက်မခံတော့ဘူး ကြေငြာလိုက်တဲ့နောက်ပိုင်း ဖြစ်လာရတဲ့ ပြဿနာဖြစ်တယ်။ နောက် တစ်ချက်က ပထမတစ်ကြိမ်ဖြစ်သွားတဲ့ ပဋိပက္ခမှာ ဘင်္ဂလီတစ်ချို့က ဒုက္ခသည်စခန်းကိုရောက်သွားကြတယ်။ တစ်ချို့မြို့ တွေ မှာကျတော့ ဘင်္ဂလီတွေဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ များလာတဲ့အခါမှာ သူတို့ဟာ ဒုက္ခသည် စခန်းတွေကို သွားချင်လာကြတယ်။ နောက်ပြီးတော့ ဘင်္ဂလီတွေနေတဲ့ မြို့နယ် ကျေးရွာ ဒေသတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်လာမယ်ဆိုရင် အလုပ်မလုပ်ဘဲ စားရေးသောက်ရေးအဆင်ပြေလာမှာ ဖြစ်သလို နိုင်ငံတကာက တစ်ခြားအကူ အညီ တွေလည်း ရလာနိုင်တဲ့ဆိုတဲ့ အချက်နှစ်ချက်ပါ။ နောက်တစ်ချက်က ကျနော်ကိုယ်တိုင် မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ကို သွားရောက်လေ့လာတဲ့အခါမှာ ဘင်္ဂလီတွေဟာ ကိုယ့်အိုး အိမ်ကိုယ် မီးရှို့တယ်၊ ရခိုင်အိမ်တွေကိုလည်း မီးရှို့ပြီးတော့ ဒီဒုတိယ အကြိမ် ပဋိပက္ခကို ဖန်တီးနေတာကိုတွေ့ရ တယ်။ ဘာလို့လည်းဆိုတော့ OIC အပါအ၀င် နိုင်ငံတကာတွေကနေ အခွင့်အလမ်း တစ်ခုရအောင် နောက်ထပ်ဒီလိုအရေး အခင်းတစ်ခုကို ဖော်ဆောင်တာဖြစ်တယ်" ဟု ဦးအေးသာအောင်က သုံးသပ်ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့တိုင်းတွင် ယခုကဲ့သို့ ပဋိပက္ခပြဿနာများဖြစ်ပေါ်လာအောင် နိုင်ငံတကာရှိ အစ္စလာမ် အသင်းအဖွဲ့များက ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော ဘင်္ဂလီများအား အဆက်အသွယ်ပြုလုပ်ပြီး သွေးထိုးလှုံ့ဆော် မှု များပြုလုပ်ခဲ့ကြောင်း ရမ်းဗြဲမြို့တွင် စတင်မီးရှို့ခဲ့သော ကမန်အမျိုးသားတစ်ယောက်နှင့် အမျိုး သမီးတစ်ဦးအား ဖမ်းမိစဉ် စစ်ဆေး မေးမြန်းချက်များအရ သိရှိခဲ့ရသည်ဟု ဆိုသည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့