Sunday, March 6, 2011

ဆေးကျောင်းဝင်ခွင့်လျှောက်သူနှစ်ဦးရဲ့ ဓာတ်ပုံအမှု ထိုင်းတရားရုံးပယ်ချ

06 March 2011
ဆရမ်ရား ကန်းနန်း နှင့် ဆီရိခွမ် ကျလွန်းစုဖွန်း ဆိုသည့် ကျောင်းသူနှစ်ဦးမှ ထိုင်းနိုင်ငံ ဆေးတက္ကသိုလ် ၀င်ခွင့် လျှောက်ရာတွင် ဓာတ်ပုံ အလုံအလောက် မပါတဲ့ အမှုကို ထိုင်း တရားရုံး တစ်ခုက ကြားနာ

စစ်ဆေးပြီးနောက် ပယ်ချလိုက်သည်။

Consortium of Thai Medical Schools (Costmes) ဆေးကျောင်းက ကျောင်းသား/သူ တစ်ဦးစီကို ကျောင်းဝင်ခွင့် လျှောက်လွှာပုံစံအတွက် ဓာတ်ပုံ ၅ ပုံစီ တောင်းထားသည်။ ကျောင်းသူနှစ်ဦးက ဓာတ်ပုံ လေးပုံ သာ ပေးပို့တဲ့ အတွက် ၀င်ခွင့်ဖြေဆိုခွင့် ပယ်ချခံရပြီးနောက်၊ ထိုင်းတရားရုံး (Centeal Administrative Court) သို့ တိုင်ကြားခဲ့သည်။

လျှောက်လွှာခေါ်ယူချိန်အတွင်း ဓာတ်ပုံများ အတိအကျ ပေးဖို့ တောင်းဆိုထားကြောင်း၊ လျှောက်ထားသူရဲ့ ဓာတ်ပုံ တစ်ပုံကို လျှောက်လွှာပုံစံတွင် ကော်နဲ့ကပ်ပြီး ကျန် ဓာတ်ပုံလေးပုံကို ပလပ်စတစ်အိတ်ကလေးဖြင့် အသေချာ စာအိတ်ထဲ ထည့်ပို့ဖို့လိုကြောင်း ဆေးကျောင်းမှ တရားရုံးတွင် ထွက်ဆိုခဲ့သည်။ လျှောက်ထားပုံ ကိုလည်း ကျောင်း ၀ဘ်ဆိုဒ်တွင် ကြည့်ရှုဖို့ ကြေငြာထားပြီးသား ဖြစ်ကြောင်း တရားရုံးတွင် ပြောဆိုခဲ့သည်။

သက်သေအထောက်အထားအရ ကျောင်းသူနှစ်ဦးတွင် ဓာတ်ပုံတစ်ပုံစီ ပေးဖို့ လိုအပ်နေကြောင်း တွေ့ရှိခဲ့သည်။

ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NHRC) က ဆေးကျောင်းဝင်ခွင့် လျှောက်ထားမှု ပယ်ချခံရတဲ့ ကျောင်းသူ နှစ်ဦးကို အကာအကွယ်ပေးဖို့အတွက် ထို ဓာတ်ပုံတစ်ပုံတစ်ပုံစီ လိုတဲ့အမှုကို ထိုင်း ဗဟိုတရားရုံးသို့ ဆက်တင်မည် ဟု ပြောဆိုခဲ့သည်။

မောက္ခ နိုင်ငံတကာသတင်း

Ref;maukkha

0 comments:

အပေါ်သို့