Sunday, March 6, 2011

M 16 သေနတ်ခိုးမှု မရေရာမသေချာ

၂ ယောက်တော့ဖမ်းထားပြီးပြီ၊ ၁ယောက်ကထွက်ပြေးနေတယ်။ တပ်မတော်ဦးစီးချုပ် ပရာယုဒ် စုံစမ်းစစ် ဆေးနေတယ် လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဖရားချွှာ့ဘ်ခီရိခန်း ပြည်နယ်၊ ထန်နလတ်တပ်စခန်း လက်နက်တိုက်ထဲက လက်နက် ၁၀၀ ကျော်နဲ့ ခဲယမ်းမီးကျောက်တွေ ပျောက်ဆုံးမှုကို တပ်မတော်က စုံစမ်းစစ်ဆေးနေပါတယ်။

ပျောက်နေတဲ့လက်နက်တွေကို အတွင်းလူရဲ့အကူအညီနဲ့ခိုးခဲ့တာဖြစ်ပြီး၊ တပ်မတော်က ဒီလက်နက်တွေပြန်ရဖို့ ကြိုး စားနေပါတယ်လို့ တပ်မတော် ဦးစီးချုပ် ပရာယုဒ် ကျန်အိုချားက အတည်ပြု ပြောကြားပါတယ်။ ဒီ လက်နက်တွေနဲ့ ပတ် သက်လို့ တာဝန်ရှိတဲ့ တပ်မတော်အရာရှိ ၂ ဦးကို ထိန်းသိမ်းထား ပြီးပါပြီ၊ တခြားတယောက်ကတော့ လက်နက်တွေ ပျောက်ပြီးနောက်ပိုင်းမှာ စခန်းက ထွက်သွားပါတယ်။

လက်နက်တွေကို အိမ်နီးခြင်းနိုင်ငံနယ်စပ်တလျှောက်မှာ ပြန်ရောင်းဖို့ ခိုးတာဖြစ်နိုင်တယ်လို့ ဦးစီးချုပ် ပရာယုဒ်က ပြော ပါတယ်။ တပ်တွင်း လက်နက်အသေးစိတ် စာရင်းထားသိုတဲ့စနစ်တွေမှာ အားနည်းချက်တွေ ရှိနေပါတယ်။ အရင်တုန်း ကလည်း လက်နက်တွေ အခိုးခံရဖူးပါတယ်။ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းဖို့ တပ်မတော်ဦးစီးချုပ်က အာမခံ ထားပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

လက်နက်တွေက ပျောက်တာလား၊ စာရင်းတွေမှားနေတာလားဆိုတာ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူးလို့ တပ်မ တော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆားန်ကယောက် ခမ်နာ့ဒ်က အစောပိုင်းက ပြောဆိုပါတယ်။ လက်နက်တွေ တကယ်ပျောက်တာ လည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပြင်ဖို့ပို့ထားတာ၊ ဒါမှမဟုတ် တခြားတပ်ဖွဲ့တွေကို ငှားထာတာတွေ လည်း ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဆန်ဆားန် က ပြောပါတယ်။

မတ် ၆၊ ၂၀၁၁ (The Nation)

Ref;naytthit

0 comments:

အပေါ်သို့