Tuesday, March 8, 2011

နအဖ နဲ့ ပေါင်းမိလို့ အကုသိုလ်ဝင်တဲ့ ရုရှား

ရုပ်သံသတင်းထဲမှာပြောနေတာက နအဖကို ရောင်းမယ့် လေယာဉ်ပျံနှစ်စင်းကို နမူနာ ပျံသန်းပြစဉ်မှာ ပျက်ကျသွားတဲ့ အဖြစ်အပျက်ကို ပြောနေတာဖြစ်ပါတယ်။ ဒါနဲ့ ကျနော်တို့ ရုရှားမှာကျောင်းတက်နေတဲ့ နအဖ ဗိုလ်လောင်းတယောက်ကို မေးကြည့်ပြီး ဘာသာ ပြန်ခိုင်းတော့ ခုလိုပြောပြပါတယ်။


သတင်းကြေညာသူ အမျိုးသမီး (တစ်)

“အကို မကောင်းဘူး ဒီလေယဉ်ပျံတွေ တစီးမှမကောင်းဘူး မ၀ယ်ပါနဲ့လို့ ကျမ ပြောတယ်။ မရဘူး။ ဗမာအကို ပြော တယ်။ သူဝယ်မယ်။ အတင်းဝယ်မယ် ပြောတယ်။ ကျမတို့ အစိုးရက တစီးဝယ်ရင် တစီးအလကားပေးတယ်။ သူတို့ ညာတယ်။ တစင်းမှ မကောင်း ဘူး။ အကိုမ၀ယ်ပါနဲ့လို့ ပြောတယ်။ သူ့ကို သနားတယ်။ ကျမ အမှန်တိုင်း ပြောတယ်။ တ စီးဒေါ်လာ ၅၀၀ မတန်ဘူး။ မရဘူး။ ဗမာအကို။ သူဝယ်တယ်။ ပြီးတော့ ဘောင်ချာအတုလုပ်တယ်။ တစီးကို ဒေါ်လာ သန်း ၃၀ ဆိုပြီ ဘောင်ချာအတု လုပ်သွားတယ်။ ဗမာ လေယာဉ်မောင်းတဲ့ ဟိုကောင်လေးနှစ်ယောက် အချောင်သေ တယ်”

သတင်းကြေညာသူ အမျိုးသမီး (နှစ်)

“ဒီလေယာဉ်ပျံက ဒီရွာမှာ ရပ်ထားတာကြာပြီ။ ကလေးတွေတက်ဆော့နေတဲ့ လေယာဉ်ပျံ တွေထဲက တစီးလို့ သိရတယ်။ ဟိုး စစ်ကြီးပြီးကတည်းက ဒီရွာနားမှာ ရပ်ထားတာ ပါ။ လေယာဉ်ပျံအသံက မကောင်းဘူး။ စက်နှစ်လုံရှိတယ်။ တလုံးမှ မလည်ဘူး။ ရုရှားပိုင့်လော့ က မောင်းဆိုတော့ ဗမာကောင်လေး တက်မောင်းတယ်။ လေယျဉ်ပျံက ကျမ ဘကြီး ချောင်း ဆိုး သလိုပဲ။ တဟွတ်ဟွတ်နဲ့ တက်သွားတယ်။ နောက်တော့ မူလီတွေမရှိတော့တဲ့အတွက် တောင်ပံတဖက်ပြုတ်သွား တယ်။ နောက်တော့ ပြုတ်ကျတယ်။ သေသွားတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး”

ကလေးငယ်

“ဒီလေပျံက ကျနော် မောင်းတုန်းက အကောင်း။ သူတို့ မောင်းမှာ ပျက်ကျသဗျ”

မီးသတ်

“ဟေ့ကောင်တွေ မီးသတ်ကား စက်နိုးလို့ မရဘူး။ လာဝိုင်းတွန်းဦးလေကွာ”

ရုရှ ရွာသူ အမျိုးသမီးကြီး

“ရွာထဲက ဘောဒကာဆိုင်မှာ လူတွေ ပြောနေတယ်။ ရုရှားတွေ နအဖနဲ့ပေါင်းမိလို့ အကုသိုလ်ဝင်တာလို့ ပြောနေကြ တယ်”

အမည်မဖေါ်လိုတဲ့ ရုရှားအရာရှိ

“ကံဆိုးတာကတော့ လေယာဉ်ပျက်ကျတယ်။ လေယာဉ်မောင်းတဲ့သူတွေ ကာလားနာ တိုက်ရတယ်။ ကံကောင်းတာက တော့ မြန်မာအစိုးရက နောက်ထပ် ၁၀ စီး ထပ်ဝယ်မယ် ကိစ္စမရှိဘူးလို့ ဆိုသဗျ”

သတင်းကြေညာသူ အမျိုးသမီး (နှစ်)

ဗမာပြည်မှာ ရှင်တို့ သူငယ်ချင်းတွေရှိရင် ပြောကြပါ။ လေယာဉ်ပျံမောင်းတာတို့ လေယာဉ် မယ်တို့ လုပ်မစားကြပါနဲ့ရှင်၊ နွားလှည်းသာ မောင်းစားကြပါ။ ဂုဏ်မငယ်ပါဘူး။ ကိုယ့်အသက်ကိုယ် နှမြောရင်ပေါ့နော် …

ဗိုလ်လောင်း မောင်မောင်ဖွန် (ခ) ဖွန်မနှော်စကီး

(ဆီလျော်အောင်ဘာသာပြန်ထားပါတယ်)

0 comments:

အပေါ်သို့