Thursday, March 10, 2011

မဲမနိုင်လို့ လမ်းဆက်မခင်းပေးတဲ့ ကြံ့ဖွံ့ပါတီ

Posted by admin on March 10, 2011

ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီမှ ရွာအဝင် လမ်းမကြီးကို သူတို့ ပါတီက ခင်းပေးပါမယ်လို့ ရွေးကောက်ပွဲ မတိုင်ခင်က ရွာသူ၊ ရွာသားတွေကို ကတိပေးခဲ့ပြီး အခုတော့ဖြင့် ကျေးရွာ နေ ပြည်သူတွေ ထံမှ တအိမ်ထောင်ကို ငွေကျပ် တသောင်းစီ အနည်းဆုံးထား ကောက်ခံ နေတယ်လို့ သတင်း ရရှိပါတယ်။


၂၀၁၀ ရွေးကောက်ပွဲ မတိုင်းခင်က ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ကြံ့ဖွံ့ အဖွဲ့ဟာ မဲ အောင်နိုင်ရေး အတွက် မဲဆွယ်စည်း ရုံးတဲ့ အနေနဲ့ ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလတွေမှာ ရပ်ကွပ် ကျေးရွာ အသီးသီးရှိ မြေသား လမ်းတွေကို စည်ပင် သာယာရေး အဖွဲ့ရဲ့ စက်ယန္တရားတွေ ငွေကြေးတွေကို အသုံးချပြီး လမ်းခင်းခြင်း လမ်းဖွင့်ပွဲများပြု လုပ်ခဲ့ခြင်း တွေကို ၎င်းတို့ပါတီ မဲရရေး အတွက် ပြုလုပ် ခဲ့ကြပါတယ်။

နိုဝင်ဘာ (၇) ရက်နေ့ ရွေး ကောက်ပွဲမတိုင်ခင်က သန်လျှင်မြို့ ကြံ့ဖွံ့ ပါတီက မဲဆွယ် စည်းရုံးသော အနေဖြင့် ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ အဝင် လမ်းမကြီးကို လမ်းခင်းပေးမယ် ဆိုပြီး ကျောက်ခဲတွေကို လမ်းဘေးဝဲ ယာတလျှောက် ပုံချ ထားခဲ့ပါတယ်။


ရွေးကောက်ပွဲနေမှာ NDF ပါတီက ဗိုလ်ချုပ်ကျေးရွာမှာ မဲအများစု ရသွားတဲ့ အတွက် ရွာလမ်းမကြီးကို ဆက်လက် ခင်ကျင်းပေးခြင်း မပြုတော့တဲ့ အတွက် ရွာသူ၊ ရွာသားတွေက မကျေမနပ် ပြောဆို နေကြပါတယ်။ ခုတော့ ကြံ့ဖွံ့ပါတီနဲ့ ရယက တို့ ဦးဆောင်ကာ တအိမ်ထောင်ကို လမ်းခင်းဖိုး အတွက် အနည်းဆုံး ကျပ်တသောင်း ထဲ့ရမယ်ဆိုပြီး အတင်း အကျပ် လိုက်ကောက်နေပါတယ်။

ဗိုလ်ချုပ်ရွာ ရွာအဝင်လမ်းမကြီးကို ကျောက်ကြမ်းများသာ ခင်းထားပြီး လမ်းမကြီး ကိုလည်း အနှေးယာဉ်၊ အမြန်ယာဉ်များ သွားလာခွင့် မပြုဘဲ ပိတ်ဆို့ထားခဲ့တာ (၂) လလောက် ကြာနေပြီး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကျေးရွာနေ ရွာသူ၊ ရွာသားတွေအနေနဲ့ ကုန်ဈေးနှုန်းကလဲ ကြီးမားပြီး စားဝတ်နေရေး ခက်ခဲ ရတဲ့ ကြားထဲ တအိမ်ထောင်ကို ကျပ်တသောင်း အတင်းအဓမ္မ ထည့်ဝင်ရသေး၊ လမ်းကိုလည်း ပြီးအောင် မခင်းပေးဘဲ ပိတ်ဆို့ ထားတဲ့ အတွက် ခရီးသွား ပြည်သူ ကျောင်းသား ကျောင်းသူ အလုပ်သမားတွေ အနေနဲ့ သွားလာရတာ အခတ်အခဲနဲ့ နေ့စဉ် ရင်ဆိုင် နေကြရပါတယ်။

ပေးပို့သူ .. လွင်မြင့်

Ref: နေ့သစ်

0 comments:

အပေါ်သို့